kyunhla Township

Home » ပရဟိတ » FEC ဓမ္မပါလ ကျောင်း

FEC ဓမ္မပါလ ကျောင်း

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

Categories

ယနေ့ ဖတ်စရာ မှတ်စရာများ

Enter your email address to follow this blog and receive notifications of new posts by email.

Join 3 other followers

Blog Stats

  • 17,249 hits

ဧည့်မှတ်တမ်း

free counters
Advertisements

Free Education Centre ( အခမဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း) သည် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့၊ တပ်ကုန်းရွာ ရတနာမာရ်အောင်ဓမ္မပါလရွာဦးကျောင်းတွင် တည်ရှိသည်။ တံတားဦးကျောင်းဟုလည်း အများခေါ်ကြ၏။ ကျောင်းထိုင်ဆရာတော်မှာ အရှင် ခေမာဝုဓ ဖြစ်သည်။

Free Education Centre ကို ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲသည်။ စဖွင့်သည့် ၂၀၀၇ မှ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အထိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများသာ လက်ခံသင်ကြားပေးခဲ့သည်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ စ၍ မူလတန်းကျောင်းသားကို ပါ လက်ခံသင်ကြားပေးခဲ့ပါသည်။ ဤနှစ်တွင် သာသနာရေးဌာန ဘုန်းတော်ကြီးသင် မူလတန်းကျောင်းအဖြစ် စတင် ဖွင့်လှစ်သင်ကြားခွင့်ရခဲ့သည်။ ကျောင်းသားအားလုံးကို အခမဲ့သင်ကြားပေးခြင်းဖြစ်သည်။ ထို့အပြင် အစိုးရကျောင်းများတွင် ကျောင်းအပ်ရန် အခက်အခဲဖြစ်နေသောမိဘမဲ့ ကလေးများ နှင့် ဆင်းရဲ နွမ်းပါးကလေးများကို FEC မှ ကူညီပေးခဲ့သည်။ ကျောင်းသားကျောင်းသူအားလုံး၏ ကျန်းမာရေးကို အခမဲ့စောင့်ရှောက်မှု ပေးထားခဲ့သည်။ အခမဲ့ ကူညီသင်ကြားပေးသော ဆရာဆရာမများမှာ စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၀၇-၂၀၀၈ နှစ်တွင် ၄ ယောက်ရှိခဲ့ပြီး ယခု ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ၂၄ ယောက်ထိ ရှိခဲ့ပါသည်။

ကျောင်းစာသင်နှစ်အလိုက် ကျောင်းသားကျောင်းသူများစာရင်း

(၁) ၂၀၀၇-၂၀၀၈ ပညာသင်နှစ် ကျောင်းသူကျောင်းသားစုစုပေါင်း

အလယ်တန်းနှင့် အထက်တန်း———– ၆၄ ယောက်

ဒသမတန်း ဖြေဆိုကျောင်းသား ———– ၅ ယောက် အောင်မြင်သူ ၃ ယောက်

(၂) ၂၀၀၈-၂၀၀၉ ပညာသင်နှစ် ကျောင်းသူကျောင်းသားစုစုပေါင်း

အလယ်တန်းနှင့် အထက်တန်း———- ၁၂၄ ယောက်

ဒသမတန်း ဖြေဆိုကျောင်းသား ———– ၁၂ ယောက် အောင်မြင်သူ ၉ ယောက်

(၃) ၂၀၀၉-၂၀၁၀ ပညာသင်နှစ် ကျောင်းသူကျောင်းသားစုစုပေါင်း

အလယ်တန်းနှင့် အထက်တန်း———- ၂၅၀ ယောက်

ဒသမတန်း ဖြေဆိုကျောင်းသား ———– ၂၉ ယောက် အောင်မြင်သူ ၁၇ ယောက်

(၄) ၂၀၁၀-၂၀၁၁ ပညာသင်နှစ် ကျောင်းသူကျောင်းသားစုစုပေါင်း

မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း– ၄၃၂ ယောက်

ဒသမတန်း ဖြေဆိုကျောင်းသား ———– ၃၂ ယောက် အောင်မြင်သူ ၁၈ ယောက်

(၅)၂၀၁၁-၂၀၁၂ ပညာသင်နှစ် ကျောင်းသူကျောင်းသားစုစုပေါင်း

မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း———– ၅၂၃ ယောက်

ဒသမတန်း ဖြေဆိုကျောင်းသား ———– ၄၂ ယောက်ဖြေဆိုထားဆဲ

(၆) ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက်ကျောင်းသားစာရင်း အတိအကျ မသိရသေးပါ။

ကျောင်းဖွင့်လှစ်သင်ကြားပေးခဲ့သည်မှာ ၅ နှစ်ပြည့်ခဲ့ပါပြီ။ ၂၀၁၂ ခု ဇန်န၀ါရီလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ FEC ၅ နှစ်ပြည့် အထိမ်အမှတ် စာပေဟောပြောပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပါသည်။ ဆရာ ဦးဘုန်း(ဓာတု)၊ ဆရာ ပန်းတကာကိုတင်မြင့်၊ ဆရာ ကျော်ရင်မြင့်၊ ဆရာညီပုလေး၊ အရှင်ဇောတ( ကိုဇ-ချပ်သင်း) ၊ ဆရာမ မသီတာ၊ ဆရာချစ်ဦးညိုတို့မှ ဗဟုသုတဖြစ်ဖွယ်စာပေများကို ဟောပြောပေးခဲ့ပါသည်။

ယခုနှစ်ကျောင်းပိတ်ရာသီတွင် နှစ်ထပ်စာသင်ကျောင်းဆောင်ကြီးကို စတင် ဆောက်လုပ်ခဲ့ရာအကြမ်းထည်အနေဖြင့် ပြီးစီးလု အခြေအနေထိ ရောက်ခဲ့ပါသည်။ ရန်ပုံငွေ လုံလောက်မှု ရှိပါက ကျောင်းဖွင့်ချိန်အမှီ ပြီးစီးအောင်ဆောက်လုပ်ရန် ရည်ရွယ်ချက်ရှိသည်။

တာဝန်ခံများ

ကျောင်းထိုင်ဆရာတော် ——— ဦးခမာဝုဓ

ပညာရေးတာဝန်ခံ—————ဦးဉာဏိက

အုပ်ချုပ်ရေးတာဝန်ခံ————-ဦးခန္တီစာရ

ပြန်ကြားရေးတာဝန်ခံ————-ဦးဆန်းဝင်း

ရန်ပုံငွေရှာဖွေရေး—————-ဦးဘိုဝင်း (တပ်ကုန်း)

ဦးဇော်လွင်ဦး ( သစ်ရာမြိုင်)

ဦးမျိုးမင်းသိန်း ( ရှမ်းစု)

အထွေထွေကျန်းမာရေး——– ဒေါက်တာ ၀င်းထိုက်

သွားနှင့်ခံတွင်းကျန်းမာရေး—–ဒေါက်တာထွန်းထွန်းနိုင်

ဆက်သွယ်ရန်

ဦးခမာဝုဓ

FEC ဓမ္မပါလ ကျောင်း

တပ်ကုန်းကျေးရွာ၊

ကျွန်းလှမြို့နယ်၊

စစ်ကိုင်းတိုင်းဒေသကြီး။

ဖုန်း- ၀၇၅-၅၉၀၃၇

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: