kyunhla Township

Home » ပရဟိတ » ယဉ်ကျေးလိမ္မာသင်တန်း

ယဉ်ကျေးလိမ္မာသင်တန်း

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

Categories

ယနေ့ ဖတ်စရာ မှတ်စရာများ

Enter your email address to follow this blog and receive notifications of new posts by email.

Join 3 other followers

Blog Stats

  • 17,249 hits

ဧည့်မှတ်တမ်း

free counters
Advertisements

ကျွန်းလှမြို့၊ “ဗုဒ္ဓရောင်ခြည်” ဘာသာရေးစာကြည့်အသင်း နှင့် မန္တလေးမြို့၊ ရေတံခွန်တောင် သစ္စဝေဒဂူ မိုးကုတ် ၀ိပဿနာ မဂ္ဂင် ဓမ္မရိပ်သာတို့မှ ကြီးမှုးကျင်းပသော ဒုတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာသင်တန်းကို (၅.၅.၂၀၁၂) မှ (၁၉.၅.၂၀၁၂) ထိ (၁၅)ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ သာသနာတော်နှစ် ၂၅၅၆ ခု၊ ကောဇာသက္ကရာဇ်-၁၃၇၄ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မန္တလေးမြို့၊ ရေတံခွန်တောင် သစ္စဝေဒဂူ မိုးကုတ် ၀ိပဿနာ မဂ္ဂင် ဓမ္မရိပ်သာ ဆရာတော် အရှင်ခေမာစာရ၊ မြို့နယ်သံဃနာယက၊ မြို့ပေါ်ရှိ ဆရာတော် သံဃာတော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ မြို့ဖများ၊ ပညာရေးမိသားစုများ နှင့်ကျောင်းသား၊ ကျောင်းသူများနှင့် ယဉ်ကျေးလိမ္မာ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို စည်ကာသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြပါသည်။

သင်းတန်းဌာန သုံးနေရာ ခွဲပြီးသင်ကြားပြသပေးခဲ့ကြပါသည်။ သူငယ်တန်းမှ စတုထ္ထတန်း ကလေးငယ်များဖြစ်သော အခြေပြုအဆင့် သင်တန်းသားများကို ကျွန်းလှမြို့၊ ရွှေကျွန်းသာ ခန်းမတွင်လည်းကောင်း၊  ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းထိဖြစ်သော အခြေပြု ပထမအဆင့် ကျောင်းသား ကျောင်းသူများကို သစ်ရာမြိုင်၊ အ.လ.က ကျောင်းတွင်လည်းကောင်း၊ ယခင်ပထမအကြိမ်သင်ကြားပြီးဖြစ်သော ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းထိဖြစ်သော အခြေပြု ဒုတိယအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကျွန်းလှမြို့၊ အားကစားခန်းမတွင် လည်းကောင်း၊ သင်ကြားပေးခဲ့ပါသည်။

မန္တလေးမြို့မှ ဆရာတော် သံဃာတော်များ၊ ကျွန်းလှမြို့နယ် အတွင်းရှိသံဃာတော်များ နှင့် မန္တလေးမြို့၊ ရေတံခွန်တောင်မှ ယောဂီ ဆရာမလေးများမှ သင်ကြားပြသပေးခဲ့ကြပါသည်။ သင်တန်းသား ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၄၀၀ ကျော်ခန့် တက်ရောက်သင်ကြားခဲ့ကြပါသည်။ သင်တန်းသားများကို နေ့ခင်းအဟာရကျွေးမွေးရေးနှင့် ကား အကြို၊ အပို့ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြပါသည်။

ဝေယျာဝစ္စကုသိုလ်ရှင်များအနေဖြင့် “ဗုဒ္ဓရောင်ခြည်” ဘာသာရေးစာကြည့်အသင်းသား၊ အသင်းသူများနှင့် ကျွန်းလှတစ်မြို့နယ်လုံးမှ ဘာသာရေးစာကြည့်အသီးသီးမှ ကုသိုလ်ယူဆောင်ရွက်ပေးခဲ့ကြပါသည်။

(၁၉.၅.၂၀၁၂) ရက်နေ့တွင် မန္တလေးမြို့၊ ရေတံခွန်တောင် သစ္စဝေဒဂူ မိုးကုတ် ၀ိပဿနာ မဂ္ဂင် ဓမ္မရိပ်သာ ဆရာတော် အရှင်ခေမာစာရ၊ မြို့နယ်သံဃနာယက၊ မြို့ပေါ်ရှိ ဆရာတော် သံဃာတော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ မြို့ဖများ၊ ပညာရေးမိသားစုများ နှင့်ကျောင်းသား၊ ကျောင်းသူများနှင့် ယဉ်ကျေးလိမ္မာ သင်တန်း ဆင်းပွဲ အခမ်းအနားကို နေ့လည် ၁၂ နာရီအချိန်တွင် စတင်ခဲ့ကြပါသည်။ ၄င်းနောက် ထူးချွန်ကျောင်းသား ၆၂ ဦး၊ သင်တန်းရက်အတွင်း မပျက်မကွက်တက်ရောက်ခဲ့ကြသော (၇)နှစ်အရွယ် ကလေးငယ် (၂၀)ဦးကို ဇွဲဆု၊ ဘုရားရှိခိုးဆု၊ သင်တန်းကာလအတွင်း အချက်(၇)ချက်ဖြင့် ပြည့်စုံသော ကလေးငယ်တစ်ဦး ကို စံပြဆု စသည်ဖြင့် အသီးသီးပေးအပ်ခဲ့ပါသည်။ ၄င်းနောက် သရုပ်ပြအစီးအစဉ်များ နှုတ်ဆက် အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။

၁၉.၅.၂၀၁၂ ရက်နေ့ညတွင် မန္တလေးမြို့၊ ရေတံခွန်တောင် သစ္စဝေဒဂူ မိုးကုတ် ၀ိပဿနာ မဂ္ဂင် ဓမ္မရိပ်သာ ဆရာတော် အရှင်ခေမာစာရ ဟောကြားတော်မူအပ်သော အထူးဓမ္မသဘင်ကို ကျင်းပခဲ့ကြပါသည်။

ယဉ်ကျေးလိမ္မာသင်တန်းအတွက် စုစုပေါင်းကုန်ကျငွေစာရင်းမှာ ငွေကျပ်(၄၃)သိန်း ကျော်ဖြစ်ပါသည်။ ကျွန်းလှမြို့ပေါ်ရပ်ကွက် အသီးသီး၊ ကျွန်းလှမြို့နယ် ကျေးရွာများများ နှင့် “ဗုဒ္ဓရောင်ခြည်” ဘာသာရေးစာကြည့်အသင်း မှ အကုန်အကျခံ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။

ယဉ်ကျေးလိမ္မာသင်တန်းအတွက်ဆက်သွယ်လှူဒါန်းလိုပါက-

  • ကိုစောထက်ဇော်၊ ဖူးမေါက် သင်္ကန်းပရိက္ခရာနှင့် အလှကုန်၊ ဖုန်း -၀၉၄၀၀၄၃၀၄၄၇
  • ကိုမျိုးမင်းသူ၊ လမင်းစံ ဓါတ်ပုံနှင် ဗွီဒီယို ရိုက်ကူးရေး၊ ဖုန်း – ၀၉၄၀၀၄၃၀၃၄၂
  • ကိုအောင်ကျော်စိုး၊ ဆိုင်ကယ်ဝပ်လျှော့၊ ဖုန်း – ၀၉၄၀၀၄၃၀၁၈၅
  • မလင်းလင်းထက်၊ ပညာခေတ် ကွန်ပျူတာသင်တန်း၊ ဖုန်း – ၀၉၄၀၀၄၃၀၃၇၃

ယဉ်ကျေးလိမ္မာသင်တန်းမြင်ကွင်းစုံ

ရေးသားတင်ပြသူ- လင်းလင်းထက်

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: