kyunhla Township

Home » ဘာသာရေး » မြန်မာပြည်၏ ခံတပ်ကြီး

မြန်မာပြည်၏ ခံတပ်ကြီး

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

Categories

ယနေ့ ဖတ်စရာ မှတ်စရာများ

Enter your email address to follow this blog and receive notifications of new posts by email.

Join 3 other followers

Blog Stats

  • 17,249 hits

ဧည့်မှတ်တမ်း

free counters
Advertisements

ကျွန်မမေးချင်တာ တစ်ခုရှိပါတယ်။ လူပုံအလယ်မှာ မေးဖို့ မသင့်ဘူးထင်လို့ အခုမှပဲ မေးပါရစေ။ ဒီမေးခွန်းမေးလို့ ရှင်တို့ လူမျိုးတွေ ရှင်တို့လူမျိုး ရှင်တို့ ကိုးကွယ်တဲ့ ဘာသာအပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်းပြောသလို ဖြစ်တယ်လို့ ယူဆရင်လည်း ကျွန်မ တောင်းပန်ပါတယ်။ ဒီမေးခွန်းကိုလည်း ပြန်ရုပ်သိမ်းပါ့မယ်။

 မေးပါ၊ မေးပါ၊ ရပါတယ်။ ကျွန်မ မသိလို့ မဖြေတတ်လည်း မသိဘူးပြောရမှာ မခဲရင်းပါဘူး

ဒီလိုပါ ကျွန်မ ရှင်တို့ တိုင်းပြည်ကို ရောက်ကတည်းက ရှင်တို့ မြန်မာလူမျိုးတွေကို တွေ့တွေ့ချင်းပဲ ချစ်ခင်ပါတယ်။ ချစ်ခင်မှာပေါ့။ ရှင်တို့ လူမျိုးတွေက ဖော်ရွေကြတယ်။ စိတ်သဘောဖြောင့်ကြတယ်။ လူတစ်ဖက်သားကို ကူညီတတ်ကြတယ်။ အခုဒီဘုရားကြီးရဲ့ ထိပ်ဆုံး လူသူမမြင်နိုင်တဲ့နေရာမှာ သိန်းသန်းကုဋေတန်တဲ့ ရတနာတွေ ချိတ်ဆွဲထားကြပါတယ်။

ဒီလိုလှူကြတာ သုံးမကုန်စွဲမကုန်တဲ့ သူဌေးတွေချည်း မဟုတ်ပါဘူး။ ရုံးစာရေးမလေးတွေကလည်း သူ့ရွှေကြယ်သီးလေးကိုလှူတာပဲ။ ဈေးသည်မကလည်း ကလေးလည်ပင်းဆွဲထားတဲ့ ဆွဲကြိုးလေးကိုလည်းလှူတာပဲ။ ဒီတော့ ကျွန်မတွေးမိတယ်။ ပြောရမှာလည်း ခက်ပါရဲ့။ စိတ်မဆိုးနဲ့နော်။ ကျွန်မက မေတ္တာရှိလွန်းလို့ပြောတာပါ။

ရှင်တို့လို ဖွံ့ဖြိုးစ တိုင်းပြည်မှာ ဆေးရုံတွေ ဆေးပစ္စည်းတွေ ခေတ်မီဆေးပစ္စည်းတွေလိုတယ်။ ကျောင်းတွေလိုတယ်။ ပညာသင် အထောက်အကူပစ္စည်းတွေ လိုတယ်။ အဲ့သလို ရတနာပစ္စည်းတွေရဲ့ တန်ဖိုးနဲ့ဆိုရင် တိုင်းပြည်မှာ အလွန်လိုအပ်နေတဲ့ ပစ္စည်းတွေ မရနိုင်ပေဘူးလားရှင့်။ အဲ့ဒီလိုနေရာတွေမှာ သုံးပါတော့လား

ကျေးဇူးတင်လိုက်တာရှင်။ ဒီမေးခွန်းကိုမေးလို့ သိပ်ကိုကျေးဇူးတင်တာပဲ။ အလွန်မေးသင့်တဲ့ မေးခွန်းဖြစ်လို့ပါ။ ကျွန်မဖြေခွင့်ရတာလည်း အလွန်ဝမ်းမြောက်လှပါတယ်။ ကျွန်မလည်း ခပ်ငယ်ငယ်တုန်းက အဲ့ဒီလို အတွေးမျိုးတွေ တွေးထူးလှချည်ပေါ့ရှင်။ အဲ့ဒီတုန်းက ကျွန်မတို့ တိုင်းပြည်ကလည်း ဗြိတိသျှလက်အောက်ခံဖြစ်နေတယ်။ လွတ်လပ်ချင်တယ်။ အဲ့ဒီတုန်းကများ အခု ဘုရားပုထိုးတွေမှာ ရွှေ၊ ငွေ၊ ရတနာပစ္စည်းတွေလှူတာမြင်ရတယ်။ ဘုရားသမိုင်းစာအုပ်တွေဖတ်ကြည့်ရင်လည်း ဓါတ်တော်တိုက်ထဲမှာ ဌာပနာတဲ့ ပစ္စည်းစာရင်းတွေဖတ်ပြီး စိတ်ကူးကြည့်ရုံနဲ့တောင် ရူးချင်သွားတယ်။

ဒီတော့ ကျွန်မတို့ကလည်း လူငယ်တွေဆိုတော့ ဒီလိုပစ္စည်းတွေကို တိုင်းပြည်လွတ်လပ်ရေးအတွက် စည်ပင်ဝပြောရေးအတွက် လုပ်လိုက်ရရင် ဘယ်လောက်ကောင်းမလဲ စသည်ဖြင့်ပေါ့လေ။ စိတ်ကူးတယ်။ နှုတ်ကလည်း ပြောမိတယ်။ အခုတော့လေ ကျွန်မ အဲ့သလို တွေးခဲ့ ပြောခဲ့မိတာတွေ ဘယ်လောက်မှာတယ်ဆိုတာ သဘောပေါက်ပါပြီ။

ရှင် တစ်ခုစဉ်းစားကြည့်ပါ။ ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာလူမျိုးတွေဟာ ရှိစုမဲ့စု ရွှေတိုရွှေစလေးတွေ၊ ကလေးလည်ပင်းက ဘယက်ကလေးက အစဖြတ်ပြီး ဘုရားကြီးရဲ့ ထီးတော်မှာလှူကြတယ်။ အဲ့သလို စွန့်လွှတ်တဲ့စိတ်၊ ရက်ရောတဲ့ စိတ်ဓာတ်ရဲ့ အင်အားဟာ ဘယ်လောက်ကြီးမား အားကောင်းပြင်းထန်မလဲဆိုတာ စဉ်းစားကြည့်ရင် သဘောပေါက်လိမ့်မယ်။

ကဲလေ…. အခု ကမ္ဘာကြီးထဲမှာ ဘာတွေဖြစ်နေသလဲ။ လူလူခြင်း သတ်ဖြတ်ညှဉ်းဆဲ၊ သူတစ်ပါးဥစ္စာပစ္စည်းကို လုယက်၊ လိမ်လည်ကောက်ကျစ်မှုတွေကို လုပ်တာ အပြစ်မရှိဘူး ဆိုတဲ့ ၀ါဒ အတွေးအခေါ်တွေ၊ ပြီးတော့ ကောင်းမှုကိုစ္စလှူဒါန်းတာတွေ၊ အကျင့်သိက္ခာစောင့်စည်းတာတွေဟာလည်း အလကားပဲ။ ဘာမှ ကောင်းကျိုးမပေးဘူး ဆိုတဲ့အယူအစတွေ၊ ဘာသာတရားဆိုတာ လူဖျင်းလူညံ့ တွေရဲ့ အလုပ်၊ အလကားအလုပ်အပိုပဲ ဆိုတဲ့ ၀ါဒတွေ ။ အဲ့ဒီလိုဝါဒတွေ လွှမ်းမိုးနေတဲ့တိုင်းပြည်တွေ အခုရှိနေကြတာ ရှင်တို့ တွေ့တယ်မို့လား။

ကျွန်မတို့ တိုင်းပြည်၊ ကျွန်မတို့ လူမျိုးတွေကို အဲ့သလိုဝါဒဆိုးတွေ မလွှမ်းမိုးအောင် တာဆီးစရာ ဘာလက်နက်ရှိလို့လဲ။ လက်နက်နဲ့ တားဆီးလို့ရော ရလို့လား။ ကျွန်မတို့ လူမျိုးတွေဟာ စွန့်လွှတ်ခြင်း၊ ရက်ရောခြင်း ဆိုတဲ့ စိတ်ဓါတ်အင်အားသာလျှင် ခံတပ်ကြီးသဖွယ် ကာကွယ်ပေးနိုင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့ လူမျိုးတွေဟာလေ ရှိရင်တန်ဆာ၊ မရှိရင်ဝမ်းစာ ခြစ်ခြုတ်စုထားတဲ့ ရွှေရတနာ ပစ္စည်းလေးတွေကို ခုလို ရက်ရက်ရောရော လှူနိုင်တဲ့စိတ်ရှိသရွေ့ ဘယ်တော့မှ ၀ါဒဆိုးတွေ မလွှမ်းမိုးနိုင်ဘူး။ ကျွန်မတို့မှာ အဲ့ဒီစိတ်ဓါတ်သာ အားထားစရာပဲ။ ဒါ့အပြင် ဘာမှ အားကိုးစရာ မရှိပါဘူး။ အဲ့သလို ကျွန်မ ယုံကြည့်ပါတယ်။

(ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ အနောက်နိုင်ငံသားတို့ စပ်စုကြပုံများ)

အတွဲ(၁)၊ အမှတ်(၈)၊ ၁၉၈၆-ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ၊ မြတ်မင်္ဂလာ စာစောင်မှ…….

ရေးသားတင်ပြသူ- လင်းလင်းထက်

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: