kyunhla Township

Home » ဘာသာရေး » တန်ဘိုးရှိတဲ့လူ့ဘဝ

တန်ဘိုးရှိတဲ့လူ့ဘဝ

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

Categories

ယနေ့ ဖတ်စရာ မှတ်စရာများ

Enter your email address to follow this blog and receive notifications of new posts by email.

Join 3 other followers

Blog Stats

  • 17,249 hits

ဧည့်မှတ်တမ်း

free counters
Advertisements

ရခဲခြင်း(၅)မျိုးရှိပါတယ်-

(၁) လူအဖြစ်ရခဲခြင်း

(၂) ဘုရာပွင့်သောအခါနှင့်ကြုံခဲခြင်း

(၃) ယုံကြည်မှု သဒ္ဒါတရားနှင့် ပြည့်စုံခဲခြင်း

(၄) ရဟန်းအဖြစ်ရခဲခြင်း

(၅) ဗုဒ္ဓတရားတော်ကိုနာကြားရခဲခြင်း စတဲ့ ရခဲခြင်းတရားငါးပါးရှိပါတယ်။

အလွန်တရာရခဲလှတဲ့လူဘ၀မှာ တန်ဘိုးရှိတဲ့လူ့ဘ၀ဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ။ ကဲစဉ်းစားကြည့်ရအောင် ဒီနေ့တစ်နေ့လုံး ငါဘာတွေလုပ်ပြီးပြီလဲ ဘာတွေလုပ်ဖြစ်နေတာလဲ မိမိအတွက် ဘာလုပ်ပြီးပြီလဲ၊ မိဘအတွက်၊ မြို့ရွာအတွက်၊ နိုင်ငံအတွက်၊ လောကအတွက်၊ သံသရာအတွက် ဘာတွေများတန်းဘိုးရှိအောင်လုပ်ပြီးကြပြီလဲ?

နေ့တစ်ရက်ကုန်ဆုံးသွားလို့မှ ဒါန၊ သီလ၊ ဘာဝနာ တစ်ခုလေးမှတောင်မလုပ်ဖြစ်ရင် ငါဟာတန်ဘိုးရှိတဲ့ လူတစ်ယောက်ဖြစ်ပြီလား စဉ်းစားဆင်ခြင်သင့်ပါတယ်။ ညအိပ်ရာဝင်ချိန်တိုင်း စဉ်းစားကြည့်စေချင်ပါတယ် ကိုယ့်ကိုယ်ကို သနားတဲ့စိတ်လေးများရှိရင် မလိမ်ညာပဲ အမှန်အတိုင်း အားမနာတမ်းဝေဖန်ကြည့်ကြရအောင်။ ဒီနေ့ ငါ့ဘ၀ကို ဘယ်လိုတန်ဘိုးရှိအောင်နေကြည့်ပြီးပြီလဲ။ ဒီနေ့မှာ ဒါန၊ သီလ၊ ဂုဏ်တော်၊ မေတ္တာ၊ ဘာဝနာ ငါဘာတွေ လုပ်ပြီးပြီလဲ ကြည့်ကြည့်ပါ တကယ်လို့ သင်ဘာတစ်ခုမှ မလုပ်သေးဘူးဆိုရင်တော့ သင်ဟာတန်ဘိုးရှိတဲ့လူတစ်ယောက်မဟုတ်ပါဘူး။ ကဲ တန်ဘိုးရှိတဲ့လူဖြစ်အောင်နေကြည့်ကြရအောင်။ ပထမဆုံး ဒါနပေါ့။

ဒါန ဘယ်လိုပြုရမလဲ (ဒါနတစ်ခုနေ့စဉ်ပြု)

ဒါနဆိုလို့ ရှင်တစ်ရာရှင်ပြုပေးနိုင်မှ ကျောင်းကြီးတွေ ဆောက်လုပ်ပေးနိုင်မှ ဒါနမဟုတ်ပါဘူး။ နံနက်စောစော ဘုရားသောက်တော်ရေ၊ မျက်နှာသစ်တော်ရေ ကပ်တာဟာလဲ ဒါနပါပဲ။ ကဲ ကပ်ဖြစ်လား။ ထားပါ ထားပါ အလုပ်တွေရှုပ်နေလို့မကပ်ဖြစ်ဘူးလား။ ဒါဆို သင်အိမ်မှာ ခွေးလေးတွေကြောင်လေးတွေများမရှိဘူးလား။ သူတို့လေးတွေကို သင်ထမင်းစားတဲ့အခါ အစားကျွေးမိမှာပါ ဒါလည်းဒါနပါပဲ။ ခွေးလေးတွေကြောင်လေးတွေမရှိလို့လား။ အင်း ထားပါ။ ဒါဆို သင့်ထမင်းကျန်လေးပဲဖြစ်ဖြစ် ဆန်လေးလက်တစ်ဆုပ်လောက်ဖြစ်ဖြစ်ပစ်ကြဲပြီး စာကလေးတွေ ငှက်ကလေးတွေကိုများသင်အစာကျွေးဘူးလား။ မရှိသေးပြန်ဘူးလား။ ဒါဆို ဒီနေ့အလှူခံတွေများမလာဘူးလား အလှူခံတွေကို အလှူတော်ငွေများမထည့်မိလိုက်ဘူးလား။ ထားပါမထည့်မိလိုက်ရင်လည်း။ သင်မုန့်ဆိုင် လက္ဖ်ရည်ဆိုင်ထိုင်တဲ့အခါ ကလေးလေးတွေများလာမတောင်းရမ်းကြဘူးလား။ မပေးလိုက်မိဘူးလား။ ဒါဆို သင့်အိမ်မှာ ဆွမ်းခံကိုယ်တော် များ သီလရှင်ဆရာလေးများ ကြွမလာဘူးလား။ ဆွမ်းတို့ဆွမ်းဆန်စိမ်းတို့လောင်းလှူဘူးလား။ လောင်းလှူမိရင်တော့ အလွန်မွန်မြတ်တဲ့ဒါနပေါ့။ ကဲ အထက်ပါ ဒါနမှုတွေများ ဘာတစ်ခုမှ သင်မလုပ်လိုက်ရဘူးလား ။ အားမငယ်ပါနဲ့လေ ကိစ္စမရှိပါဘူး ။ အထက်ပါ အချက်တွေကို သင်မပြုလုပ်မိသေးဘူးဆိုရင်တော့ အောက်မှာပြောပြမယ့်အကြောင်းအရာလေးကိုတော့ သင်လုပ်ဖြစ်အောင်လုပ်လိုက်ပါနော် ဒါဆို အမြတ်ဆုံးဒါနကို သင်လုပ်ဖြစ်ပြီး သင်ဟာ လူဖြစ်ရကျိုးနပ်သွားပါတော့မယ်။ တန်ဘိုးရှိတဲ့ဘ၀လေးကို ပိုင်ဆိုင်ရပါတော့မယ်။ ကြားဘူးတယ်မို့လား

“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ”    “အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံးဖြစ်သည်” တဲ့

ကဲ အမြတ်ဆုံးတရားအလှူကို လှူကြည့်ကြရအောင်။ ဘယ်လိုလှူကြမလဲ လွယ်ပါတယ် သင်ယခု ဖေ့ဘွတ်ပေါ်ရောက်နေလား ဂျီတော့သုံးနေလား ဆိုဒ်တစ်ခုထဲရောက်နေလား လိုင်းပေါ်တက်နေပြီဆိုကတည်းက သူငယ်ချင်းတွေတော့ရှိနေမှာပေါ့ အဲ့ဒီသူငယ်ချင်းတွေက သင့်ကိုပါရမီဖြည့်ပေးမဲ့ အလှူခံပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။ ကဲ တရား(ဓမ္မ)အလှူလေးလုပ်ကြည့်ရအောင်။ တရား(ဓမ္မ)နဲ့ ယှဉ်တဲ့ စကားလုံးလေးတွေနဲ့ သူငယ်ချင်းကိုပေးလှူကြည့်လိုက်ရအောင်။

– မိမိသည်သာအားကိုးရာအစစ်ဖြစ်ပါတယ် သူငယ်ချင်း ကိုယ့်အားကိုယ်သာအားကိုးပါ (အတ္တာဟိ အတ္တနော နာထော)

– စိတ်ဆိုတာ မကောင်းတာတွေမှာပဲ မွေ့လျော်တတ်တယ် (ပါပသ္မိံ ရမတိ မနော)

– မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား

– မှန်ကန်တဲ့စကားကိုပြောပါ

– မှန်ကန်တဲ့အသက်မွေးမှုပြုလုပ်ပါ (သမ္မာအာဇိဝ အစရှိတဲ့ မဂ္ဂင်ရှစ်ပါး)

စတာလေးတွေကို ပြောပေးနေရင်လည်း ဓမ္မဒါနလုပ်နေတာပါပဲ။  ပထမဆုံးအချက်ဖြစ်တဲ့ ဒါနမှုကို သင်ပြုလုပ်ပြီးသွားပြီလား။ မပြုလုပ်မိသေးဘူးဆိုရင်တော့ သင့်ကိုယ်သင် အားမနာတမ်းပြောလိုက်ပါ “ငါဟာ တော်တော်သနားစရာကောင်းတဲ့ အချီးအနှီးဘ၀မှာ နေတဲ့လူဟုဆိုကာမျှ လူဖြစ်နေတဲ့သူတစ်ယောက်ပါလား”

ကဲ့ သနားစရာကောင်းတဲ့ဘ၀ကရုန်းထွက်ပြီး ဒီလိုဒါနမှုလေး တစ်ခုနေ့စဉ်တပိုင်တနိုင်ပြုလုပ်ပြီး တန်ဘိုးရှိတဲ့ဘ၀မှာ နေထိုင်သွားကြရအောင်ပါ။

(ဤစာစုဖြင့် ဓမ္မဒါန ပြုပါ၏ )

လင်းလင်းထက်

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: