kyunhla Township

Home » ဘာသာရေး » မျိုးဆက်သစ်တို့နှင့်စောင့်ထိန်းရမည့်ထေရ၀ါဒအမွေအနှစ်

မျိုးဆက်သစ်တို့နှင့်စောင့်ထိန်းရမည့်ထေရ၀ါဒအမွေအနှစ်

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

Categories

ယနေ့ ဖတ်စရာ မှတ်စရာများ

Enter your email address to follow this blog and receive notifications of new posts by email.

Join 3 other followers

Blog Stats

  • 17,249 hits

ဧည့်မှတ်တမ်း

free counters
Advertisements

(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သည်)

ထေရ၀ါဒ သာသနာတော်သည် ဘိုးဘွားဘီဘင် အဆက်ဆက်တို့ လက်ဆင့်ကမ်းစောင့်ထိန်းခဲ့သော မြန်မာတို့၏ ဘာသာရေး

အမွေအနှစ် ရတနာ တစ်ပါးပင်ဖြစ်သည်။

   မြန်မာနိုင်ငံအတွင်း ချင်းနင်းဝင်ရောက်ခဲ့သော မဟာယန အယူဝါဒများ၊ ဗြဟ္မဏ ဟိန္ဒူ မယူဝါဒများ၊ တန္တရ၀ါဒ၊ မန္တရ၀ါဒ၊ ယန္တရ၀ါဒများကို ပြစ်ပယ်ခဲ့ပြီး ထေရ၀ါဒကို လက်ခံခဲ့ကြခြင်းလည်းဖြစ်ပေသည်။

   ဖန်ဆင်းသူ၊ စောင့်ရှောက်သူကို ကိုးကွယ်သော ဘာသာတရားများကိုပစ်ပယ်ကာ မိမိဘ၀ကို မိမိဖန်တီးနိုင်စွမ်းရှိသည့် ကံကံ၏အကျိုးကို ယုံကြည်သော “အတ္တဟိ အတ္တနော နာထော”  “မိမိကိုယ်သာ ကိုးကွယ်ရာ အစစ်” ဖြစ်သော ထေရ၀ါဒကိုသာ လက်ခံခဲ့ကြခြင်းဖြစ်သည်။

   အတ္တ၀ါဒကို ငြင်းပယ်ပြီး အနတ္တ၀ါဒကိုသာ လက်ခံခဲ့ကြပါသည်။

   ကမ္ဘာနှင့်အ၀န်း နတ်ကိုးကွယ်မှုများ ထွန်းကားနေချိန်တွင် နတ်ရုပ်ဟူသမျှကို “နတ်လှောင်ကျောင်း” ထဲတွင် သောခတ်ပိတ်လှောင်ခဲ့သော ပုဂံခေတ်မြန်မာတို့၏ စိတ်ဓါတ်ကား ခိုင်မာရဲဝံ့ ပြောင်မြောက်လွန်းလှပေသည်။

   ဥပါဒါန် သဘောဆောင်သော တန္တရ၀ါဒ၊ မန္တရ၀ါဒ၊ ယန္တရ၀ါဒ အမျိုးမျိုးကို “၀ါဒဆိုး” များအဖြစ်သတ်မှတ်ကာ ဝေးဝေးကပင်ရှောင်ကျဉ်ခဲ့ကြပေသည်။ ဤသို့သော စစ်မှန်သော ဘာသာရေးအမွေအနှစ်ကို ရရှိခဲ့ကြပြီးဖြစ်သည်။  ၄င်းအမွေအနှစ်ကို မျိုးဆက်သစ်တို့အနေနှင့် အပြည့်အ၀ နားလည်ရရှိခြင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုသော တာဝန်နှစ်ရပ်မှာ ဗုဒ္ဓဘာသာဝင်စစ်စစ်တိုင်း မလွဲမသွေ အမှန်စစ်စစ် ပြုကျင့်ရမည့် တာဝန်နှင့် ၀တ္တရားပင်ဖြစ်သည်။

   မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံတော်ကြီးဖြစ်သော်လည်း လွပ်လပ်စွာကိုးကွယ်ခွင့်ရှိသောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာသည် အသန့်ရှင်းဆုံး အစင်ကြယ်ဆုံး ဘာသာဖြစ်ပေသည်။ ထေရ၀ါဒ အမွေအနှစ်သည်ကား အမြင့်မြတ်ဆုံးရတာနာ အစစ်ပင်ဖြစ်ပေသည်။

   ထေရ၀ါဒ ဘာသာဝင်ခံယူကာ ဟိန္ဒူဗြဟ္မဏ မဟာယာန တို့၏ နတ်၊ ၀ိဇ္ဖာ၊ အင်း၊ အိုင်၊ ခါးလှည့်၊ ဂါထာ၊ မန္တရား စသော လောကီရေးရာအတတ်ပညာများ၊ အခြားဓလေ့ထုံးစံများရောထွေးကာ ခံယူလိုက်နာကျင့်သုံးနေကြမည်ဆိုလျှင် နောင်မျိုးဆက်သစ်တို့အနေဖြင့် ထေရ၀ါဒစစ်စစ်ကို သိမြင်ခံစားခွင့်ရနိုင်တော့မည်မဟုတ်ပေ။

   ထေရ၀ါဒ ပိဋကတ်တော်များတွင် လမ်းညွှန်ထားပြီးဖြစ်သော ဆောင်ရန် ရှောင်ရန်များကို တိတိကျကျ လိုက်နာကျင့်သုံးမှသာ နောင်အနာဂတ် မျိုးဆက်သစ် ဗုဒ္ဓဘာသာဝင်တို့သည် ထေရ၀ါဒ စစ်စစ်ကို သိမြင်ခွင့်ရနိုင်မည်ဖြစ်ပေသည်။

   ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်မှာ ရက်ရာဇာ ပြဿဒါးမရှိပါ။ အသုဘယာဉ် အိမ်ရှေ့ဆိုက်လို့ မခိုက်တတ်ပါ။ နတ်၊ ဆုံး၊ ကဝေ၊ တစ္ဆေ၊ သရဲ တို့ကို ဂရုမစိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် ထေရ၀ါဒ ပိဋကတ်တော်များတွင် ထိုအရာများသည် သာသနာပြင်ပမှ လောကီ အတတ်များပင်ဖြစ်သည်။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေနိုင်သော ပညာများမဟုတ်ဟု ဖော်ပြထားပြီးဖြစ်သည်။

  ဗုဒ္ဓဘာသာဖြစ်ပါလျှက် ထေရ၀ါဒ သာသနာ ပြင်ပ လွဲမှားသော ကိုးကွယ်မှုများနောက် ကောက်ကောက်ပါအောင် လိုက်နေသူများမှာ ထေရ၀ါဒ အမွေအနှစ်များကို ဖျက်လိုဖျက်ဆီးပြုမှုနေကြသူများပင်ဖြစ်သည်။

   သန့်ရှင်းစင်ကြယ်ပြီး အကြွင်းမဲ့ပြည့်စုံသော ထေရ၀ါဒ အမွေအနှစ်ကို အနည်းငယ်မျှပင် အရောအယှက်မခံပဲ စောင့်ရှောက်ထိန်းသိမ်းရမည့် တာဝန်မှာ ဗုဒ္ဓဘာသာဝင်များ၏ အဓိကတာဝန်ပင်ဖြစ်ပါသည်။

   ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်သည် နတ်၊ ဂိုဏ်း၊ ၀ိဇ္ဇာ၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ အိမ်မက်တိတ္ထုံ စသော အယူအစွဲမရှိရပေ။ ယင်းအရာများကို စွဲယူနေသောသူဖြစ်ပါက “အညံစားဗုဒ္ဓဘာသာဝင်”များသာဖြစ်သည်ဖြစ်ကြောင်းကို မြတ်ဗုဒ္ဓ၏ (အင်္ဂုတ္တရ ပါဠိတော်၊ တတိယ၊ စာမျက်နှာ 101) တွင်ဟောကြားတော်မူခဲ့ပြီးဖြစ်ပါသည်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်သူတို့သည် အမြတ်ဆုံးကို ကိုးကွယ်သူတို့မြည်ပေသည်။ အမြတ်ဆုံးကို ကိုးကွယ်သူတို့သည် အမြတ်ဆုံးသောအကျိုးကိုရကြပေသည်။ (က္ကုတိဝုတ်၊ အဂ္ဂပဿဒသုတ်)

– ဝေဖန်စိစစ်တတ်ပါစေ။

ကျေးဇူးတင်ပါတယ်။

လင်းလင်းထက်

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: