kyunhla Township

Home » သတင်း » ဆီရထားတိမ်းမှောက်၊ ရွာသားများ ဆီများခပ်ယူစဉ် မီးလောင်ကျွမ်းမှုဖြစ်

ဆီရထားတိမ်းမှောက်၊ ရွာသားများ ဆီများခပ်ယူစဉ် မီးလောင်ကျွမ်းမှုဖြစ်

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

Categories

ယနေ့ ဖတ်စရာ မှတ်စရာများ

Enter your email address to follow this blog and receive notifications of new posts by email.

Join 3 other followers

Blog Stats

  • 17,249 hits

ဧည့်မှတ်တမ်း

free counters
Advertisements

This slideshow requires JavaScript.

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ (ကျွန်းလှမြို့ဘူတာနှင့်ချပ်သင်းဘူတာကြား) ချပ်ကြီးဘူတာအ၀င်မှာ မန္တလေးကနေ- မြစ်ကြီးနားကိုသွားမယ့် ဓာတ်ဆီတင်ဆောင်တဲ့ ရထားတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားတဲ့အတွက် အနည်းဆုံး လူ ၂၅ ဦးသေဆုံးပြီး ၈၀ လောက် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါက်တာ လှိုင်မြင့်က အခုလို ဒီဗွီဘီကို ပြောပါတယ်။
“ချပ်ကြီးဘူတာအ၀င် လမ်းအခွဲမှာမှောက်တာ။ လမ်းတွေမကောင်းလို့ မှောက်တာ။ ဓာတ်ဆီတွေကမှောက်ပြီးတော့ လယ်ကျင်းထဲ ဆင်းသွားတာ။ အဲဒါတွေကို ရွာသူရွာသားတွေက ခပ်ကြတာ။ အဲ့အချိန်မှာ မီးလောင်သွားတာ။ မနက် ၈ နာရီ ၅၀ မိနစ်မှာ မှောက်တာ။
ခပ်နေတဲ့ ရွာသူရွာသားတွေ ထိခိုက်သေဆုံးမှုက လောလောဆယ် ဆရာဝန်တွေ စစ်ပြီးတဲ့အချိန်မှာ ကျား ၁၆ ယောက်၊ မ ၇ ယောက်၊ ကျား၊မ ခွဲလို့မရတာက ၂ ယောက်၊ စုစုပေါင်း ၂၅ ယောက်။ ဆေးရုံကိုပို့ထားတဲ့ သေစာရင်းတော့မသိဘူး။ ကျနော်တို့က ချပ်ကြီးရောက်နေတယ်။ မီးလောင်လို့ ဆေးရုံတက်နေတဲ့ လူနာက ၇၄ ယောက်လောက် ရှိတယ်။
ကန့်ဘလူကုတင် ၁၀၀ ဆေးရုံမှာ အများဆုံးပဲ ၆၄ ယောက်ရှိတယ်။ ကျွန်းလှမှာ ၈ ယောက်၊ ချပ်ကြီးမှာ ၂ ယောက်။ အဓိကက ခပ်တဲ့သူတွေလောင်တယ်။ နောက် အထက်ကလာတဲ့ ရထားတစင်းက ဆိုက်နေတယ်။ ကောလင်းရထားခေါ်တယ် ဒေသအခေါ်။ အဲမှာ ၀ိုင်းအုံကြည့်နေတဲ့အချိန်မှာပဲ ကြည့်နေတဲ့သူတွေပါ မီးဟပ်တာ၊ မီးသတ်ကားတွေ ၀ိုင်းငြှိမ်းကြတယ်၊ ၂ နာရီခွဲလောက်မှာ ငြိမ်းသွားတယ်၊ အပူရှိန်တွေကတော့ ကျန်နေသေးတယ်။ ရေထွက်ထွက်လောင်းပေးနေရတယ်။ (သတင်းကိုသစ်ထူးလွင်ဆိုက်မှကူးယူဖေါ်ပြပါသည်။  ကျွန်းလှမြို့နယ်အစား ကန့်ဘလူမြို့နယ်၊ ချက်ကြီးအစား ချပ်ကြီးဟု ပြင်ထားပါသည်။)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးဘူတာအနီး ဆီရထားတိမ်းမှောက်၊မီးလောင်ကျွမ်းမှုမြင်ကွင်းများ (ဓာတ်ပုံများကို လူမှုကူညီရေးအသင်းမှ အကိုတစ်ဦးထံမှ ကူးယူထားပါသည်။)

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: