kyunhla Township

Home » ဗဟုသုတ » ကျွန်းလှမြို့နယ်လုံးဆိုင်ရာ စလုံမော်ဘိုးဘိုးကြီး၏ အတ္ထုပတ္တိ အကျဉ်း

ကျွန်းလှမြို့နယ်လုံးဆိုင်ရာ စလုံမော်ဘိုးဘိုးကြီး၏ အတ္ထုပတ္တိ အကျဉ်း

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

Categories

ယနေ့ ဖတ်စရာ မှတ်စရာများ

Enter your email address to follow this blog and receive notifications of new posts by email.

Join 3 other followers

Blog Stats

  • 17,406 hits

ဧည့်မှတ်တမ်း

free counters
Advertisements

စလုံမော်ဘိုးဘိုးကြီး

မှတ်ချက်။ ။ နတ်ကိုးကွယ်ရန် ရည်ညွှန်းခြင်းမဟုတ်ပါ။ သမိုင်းအမှန်ဖြစ်ရန် နှင့် ဆရာကြီးဦးကျော်ရှင်း မကွယ်လွန်မီ ကျွန်တော့်ထံပေးခဲ့သောသမိုင်း အပိုင်းအစကို လူငယ်များ ရှာဖွေလွယ်ကူရန်ဖြစ်ပါသည်။ ကျွန်တော်၏မိတ်ဆွေများခင်ဗျာ  စာပေ လေ့လာရင်း စလုံ မိုးညှင်းဘုရင် (သား) သိုလ်ဟန်ဘွား သမိုင်း အမှန်များ ရေးသား မျှဝေပေးကြပါ။ အမှန်ရေးသားခွင့်အထိုက်အလျှောက်ရနေ ပါပြီ။ ကျေးဇူးတင်ပါတယ်။

***********************

သက္ကရာဇ် ၈၈၅ ခုနှစ်တွင် မိုးညှင်းစော်ဘွားစလုံ သည် တိုက်ဆင်၂၀၀ မြင်း ၈၀၀၀ စစ်သည် ၁၂၀၀၀၀ နှင့် မင်းခင်းမြို့ကို ချီတက်သိမ်းပိုက်ပြီးနောက် မြေထူး(မြေဒူး)မြို့သို့ ဆက်လက် ချီတက်ခဲ့သည်။ အင်းဝဘုရင် ရွှေနန်းရှင်နရပတိသည်  တိုက်ဆင် ၃၀၀ မြင်း ၆၀၀၀ စစ်သည် ၁၀၀၀၀၀ ပါဝင်သော တပ်ပေါင်း ၁၅ တပ် နှင့်မြေဒူးမြို့သို့ ချီတက်၍ မိုးညှင်းစလုံတပ်ကို ခုခံတိုက်ခိုက်တော်မူသည်။ သို့ သော် ရွှေနန်းရှင် နရပတိ၏တပ် ၁၅ တပ်လုံးပျက်ပြားသဖြင့် မြေဒူး ငရနဲ စည်ပုတ္တရာ ဒီပဲရင်းစသော မြို့များသည် မိုးညှင်းစလုံ ၏ လက်အောက်ခံ လက်အောက်ခံ အဖြစ်သို့ ရောက်ရှိခဲ့ရသည်။

သက္ကရာဇ် ၈၈၆ ခုနှစ်တွင် မိုးညှင်းစလုံသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အကြားရှိ နယ်မြေများ အပြင် ကနီ ကနဲ ကျီး ၁၀ရွာ စကု စလင်း လယ်ကိုင်း သရက် စသောမြို့များပါ ချီတက် သိမ်းပိုက်ခဲ့သည်။

သက္ကရာဇ် ၈၈၈ ခုနှစ်တွင် မိုးညှင်းစလုံသည် အင်းဝနေပြည်တော်ကို တိုက်ခိုက်သိမ်းယူပြီး နောက် သားတော်သိုဟန်ဘွားအား အင်းဝဘုရင်အဖြစ် ထီးနန်းအပ်နှင်းခဲ့၍  မြေထူးမြို့သို့ ပြန်လာခဲ့သည်။

သက္ကရာဇ် ၈၉၄ ခုနှစ်တွင် မိုးညင်းစလုံသည် သားတော် သိုလ်ဟန်ဖွားနှင့်အတူ  ပြည်မြို့ ကိုတိုက်ခိုက်သိမ်းယူပြီးနောက် ပြည်ဘုရင်ထွေးနှင့် အကူအခြံအရံတို့ ကို သိမ်း ယူခေါ်ဆာင်ခဲ့သည်။ အင်းဝတွင်စီမံခန့် ခွဲမှု့များပြုလုပ်ပြီးနောက် မြေဒူးသို့ ပြန်လာခဲ့ရာ ဒီပဲရင်းရောက်မှ ပြည်ဘုရင်ထွေး ကိုပြန်လွှတ် လိုက်သည်။

ယင်းသက္ကရာဇ်တွင် မိုးညှင်းစလုံသည် မြေထူးတွင် ခေတ္တစံနေတော်မူပြီးနောက် မူးမြစ်ကြောင်းအတိုင်း ရေကြောင်းဖြင့် မိုးညှင်းသို့ ဆန်တက်လာခဲ့ရာ မြေဒူးမြို့အလွန် ကျွန်းလှရွာ အနီးတွင် အတွင်းရှမ်းနှင့် အပြင်ရှမ်း တို့ ခိုက်ရန်ဖြစ်ပွားစဉ် ကျွန်အမတ် တို့၏လုပကြံမှု ဖြင့်  မိုးညှင်းစလုံ အနိစ္စရောက်ခဲ့သည်။

ရှမ်းလူထုကြီး တရပ်လုံးက မိုးညှင်းစလုံသည် လူ့ဘဝမှနတ်စိမ်းအဖြစ် ကူးပြောင်း၍ ရှမ်းလူမျိုးများအား အစဉ်ထာဝရ စောင့်ရှောက်သည်ဟု ယူဆပြီး မြေဒူးမြို့မြောက်ဖက်တံခါး အပါအဝင် မြို့ရွာအနှံ့ စလုံမော် နတ်ကွန်းများတည်ဆောက်ကိုးကွယ်ကြ ပသကြပါသည်။

***********************

မှန်နန်းမဟာရာဇဝင်ကြီး ဒုတိယတွဲ နှင့်အခြားသမိုင်းများမှအမျိုးသားစာပေဆု နင့် စာပေဗိဗ္မာန် စာမုဆု ပထမဆုရွှေတံဆိပ်ဆုရှင်ဆရာကြီး ဦးကျော်ရှင်း ရေးသားပြုစုပါသည်။

Aung Myin Thuကျွန်းလှမြို့နယ်လုံးဆိုင်ရာ စလုံမော်ဘိုးဘိုးကြီး အတ္ထုပတ္တိ အကျဉ်း ကို ကူးယူဖေါ်ပြပါသည်။

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: