kyunhla Township

Home » သမိုင်း » ပင်လုံစာချုပ်

ပင်လုံစာချုပ်

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

Categories

ယနေ့ ဖတ်စရာ မှတ်စရာများ

Enter your email address to follow this blog and receive notifications of new posts by email.

Join 3 other followers

Blog Stats

  • 17,249 hits

ဧည့်မှတ်တမ်း

free counters
Advertisements
panglong-agreement

ပင်လုံစာချုပ်

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ် အဖွဲ့တို့သည် (၁၂-၂-၄၇) နေ့တွင် သမိုင်းဝင် ပင်လုံညီလာခံကို ကျင်းပခဲ့ကြပါသည်။ ညီလာခံ အစတွင် ဗိုလ်ချုပ်အောင်ဆန်း က “ ဒီကနေ့ ကျွန်တော် ဒီနေရာမှာ ပြောကြားချင်တဲ့ စကားတွေ အားလုံး အဆွေတော်တို့ကို ပြောပြခဲ့ပြီး ဖြစ်တယ်။ ဗမာနှင့်ပေါင်းပြီး လွတ်လပ်ရေး အတူတူ ယူမလား၊ မယူဘူးလား ဆိုတာကို အဆွေတော်တို့ ဘာသာ ဆုံးဖြတ်ကြပါ။ ကျုပ်တို့ဗမာတွေက လွတ်လပ်ရေးယူတော့မယ်၊ ဒီကိစ္စ အဆွေတော်တို့လည်း ဆုံးဖြတ်ပြီးပြီ ဖြစ်မယ် ထင်တယ်။ ကျုပ်တို့က အဆွေတော်တို့ကို အဓမ္မ မတိုက်တွန်းဘူး ”ဟု အဖွင့်မိန့်ခွန်းတွင် တိုတိုပဲပြော ကြားခဲ့ပါသည်။
(ပင်လုံညီလာခံသို့ ဗိုလ်ချုပ်နှင့်အတူ တက်ရောက်ခဲ့သော ဦးဖေခင်၏ပြောပြချက်)

ပင်လုံညီလာခံကို ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ မှာ ကျင်းပခဲ့ပါတယ်။ ရှမ်း၊ ကချင်၊ ချင်း နဲ့ ဗမာ ခေါင်းဆောင်များ အင်္ဂလိပ်လက်အောက်မှ အတူအတွ လွတ်မြောက်ဖို့ နဲ့ လွတ်လပ်ရေးရပြီး အတူတကွ ညီညွတ် ချစ်ခင်စွာ နေထိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြတယ်။

ညီလာခံမှာ တိုင်းရင်းသားများအားလုံးနဲ့ သဘောတူညီချက်ကို ရရှိခဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ်  စုစုပေါင်း လက်မှတ် ၂၃ ခုရေးထိုးခဲ့ပြီး လွတ်လပ်ရေး အလျင်အမြန်ရရှိရေး၊ လွတ်လပ်ရေး အလျင်အမြန်ရရှိပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် အဖြစ် အတူတကွ ယှဉ်တွဲနေထိုင်ရေးကို သဘောတူညီခဲ့တယ်။

ပင်လုံစာချုပ်ကြောင့် အင်္ဂလိပ်တို့ မြန်မာပြည်ကို ချွင်းချက်မရှိ လွတ်လပ်ရေးပေးခဲ့ရပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အဖြစ်တည်ရှိခဲ့ပါတယ်။

ပင်လုံစာချုပ်သည် မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားများ အားလုံး၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သော သာဓကကောင်းတခုဖြစ်ပါ။ စည်းလုံးညီညွတ်မှု သည် အောင်မြင်ဖို့ရာ အတွက် အဓိကသော့ချက်ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

“မြန်မာများသည် ဗြိတိသျှ၏ ကျွန် မဖြစ်လို ၊ ထိုနည်းတူစွာ တောင်တန်း လူမျိုးများလည်း ဗြိတိသျှ ကျွန်အဖြစ် မရောက်စေလို၊ ထို့အပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန် အဖြစ်လည်း မဖြစ်စေလို၊ တောင်တန်းနယ်ကို တောင်တန်းလူမျိုးများသာ အုပ်ချုပ်စိုးမိုးခြင်းကို မြန်မာများက ကြိုက်နှစ်သက်ပါကြောင်း ….”
(ဗိုလ်ချုပ်အောင်ဆန်း )
(၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂-ရက်နေ့ ပင်လုံညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)

(က)

တနှစ်အတွင်း လွတ်လပ်ရေး ရရမည်ဟု ကြွေးကြော်ရင်း ဖဆပလသည် လုပ်ဆောင်၏။ အခြေအနေများသည်လည်း တနှစ်အတွင်း လွတ်လပ်ရေးရရန် ပေါင်းစုံလာသည်။ ဤတွင် သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တို့ အာသံ ၊ မဏိပူ နယ်သို့ သွား၏။ အာသံ၊ မဏိပူနယ်များက ဘကြီးတော် မင်းတရားကြီး လက်ထက်၌ မြန်မာ ပြည်ထောင်စုအတွင်း တည်ရှိခဲ့သည့် နယ်မြေများ ဖြစ်သည်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်၊ မြန်မာ ပထမစစ်ပွဲ အပြီးတွင် ရခိုင်၊ တနင်္သာရီဒေသနှင့်အတူ ဗြိတိသျှတို့အား စစ်ရှုံး၍ ပေးလိုက်ရသည့်နယ်များ ……။ ယခု လွတ်လပ်ရေး ပြန်လည်၍ ရရှိရန် အချိန်၌ ဖဆပလ ခေါင်းဆောင်တို့သည် အာသံ၊ မဏိပူ စော်ဘွားများနှင့် သွားရောက် တွေ့ဆုံပြီး မြန်မာများနှင့်အတူ တပေါင်းတစည်းတည်း လွတ်လပ်ရေးအား ရယူရန် ဆွေးနွေး၏။ အာသံ၊ မဏိပူစော်ဘွားများက ဖဆပလ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်၏။

ဤအခြေအနေအား ဗြိတိသျှအစိုးရသည် သိ၏။ ထိုကြောင့်ပင် လန်ဒန်၌ အောင်ဆန်း- အက်တလီ စာချုပ်အား ချုပ်ဆိုသည့် အခါတွင် စာချုပ်၏ အပိုဒ်-၈ အပိုဒ်ခွဲ (ခ)၌……

`နယ်ခြားဒေသရှိ တိုင်းရင်းသားများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ၄င်းတို့၏ ဆန္ဒသဘောထားကို ရှေးဦးစွာ မေးမြန်းရမည်။ ယင်းသို့ ဆန္ဒသဘောထား မေးမြန်းခြင်းကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပင်လုံမြို့၌ ကျင်းပမည့် အစည်းအဝေးတွင် ဖြစ်စေ၊ မေးမြန်း၍ ဆန္ဒသဘောထား ယူရမည်။ မေးမြန်းရမည့် အချက်က တောင်တန်းဒေသ ပြည်နယ်များ အနေနှင့် မြန်မာနိုင်ငံ အစိုးရနှင့် ဆက်ဆံရေးကို မည်သည့် ပုံစံမျိုးဖြင့် ဆက်ဆံလိုကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို မေးမြန်းရန်ပင် ဖြစ်သည်။

အဓိပ္ပာယ်ကား …. တောင်တန်းဒေသ တိုင်းရင်းသားများ အနေနှင့် မြန်မာတို့နှင့်အတူ လွတ်လပ်ရေးကို ရယူမလား၊ ဒါမှမဟုတ် ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေးမျိုး ရယူမလား၊ ဟူ၍ သဘောထား တောင်းခံရန် ဖြစ်၏။

(ခ)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ – ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ တိုင်းရင်းသား သွေးစည်းရေး ညီလာခံတရပ်အား ကျင်းပ၏။ သမိုင်း၌ ပင်လုံညီလာခံ ဟူ၍တွင်သည်။ ပထမပိုင်း အစည်းအဝေးများအား ၆-၇ ရက်များတွင် ပြုလုပ်ခဲ့၏။ ရှမ်း၊ ကချင်၊ ချင်း၊ တိုင်းရင်းသား ခေါင်းဆောင်များ တတ်ရောက်ကြသည်။ သဘောတူ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြ၏။

…. မြန်မာများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ရှမ်း၊ ကချင်၊ ချင်းတို့၏ လွတ်လပ်ရေးသည် ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု ယုံကြည်သည်။

…. ဒီမိုကရေစီ နည်းစနစ်အရ မြန်မာလူမျိုးတို့ ရရှိခံစားနေသည့် အဆင့်အတန်း အခွင့်အရေးများနှင့် အကျိုးစီးပွားများကဲ့သို့ ရှမ်း၊ ကချင်၊ ချင်းတို့လည်း ရရှိခံစားရန် လိုလားသည်။

…. ရှမ်း၊ ကချင်၊ ချင်း အမှုဆောင် ၀န်ကြီးများသည် မိမိတို့ သက်ဆိုင်ရာ ပြည်နယ်အတွင်း အရေးကိစ္စ အ၀၀တို့တွင် မိမိတို့သာလျှင် တာဝန်ခံ၍ … ကာကွယ်ရေး ၊ နိုင်ငံခြားရေး၊ စသည့် အများနှင့် သက်ဆိုင်ရာကိစ္စများကို မြန်မာများနှင့် ပူးပေါင်းတာဝန်ခံ ဆောင်ရွက်လိုသည်။

ရှမ်း၊ ကချင်၊ချင်း တိုင်းရင်းသား ခေါင်းဆောင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်က အောင်ဆန်း-အက်တလီ စာချုပ် အပိုဒ် ၈-အပိုဒ်ခွဲ (ခ)အား အဖြေပေးပြီး ဖြစ်သည်။

(ဂ)

ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့ အဖွဲ့ ပင်လုံသို့ ရောက်၏။ ဦးတင်ထွဋ်၊ ဆာမောင်ကြီး၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်သိန်းဆွေ၊ သခင်ဝတင်၊ နှင့် ဦးဖေခင်တို့လည်း ပါသည်။ ဗြိတိသျှတို့မှ အတွင်းဝန် မစ္စတာ ဘောတွမ်လေနှင့် အရာရှိကြီးများ ……။ ဗြိတိသျှ နယ်ခြားဒေသ တောင်တန်းမင်းကြီး မစ္စတာ စတီဗင်ဆင်တို့လည်း တတ်ရောက်ကြ၏။ ကရင်နှင့်ကရင်နီ ကိုယ်စားလှယ်တို့က လေ့လာသူများအဖြစ် တက်သည်။

ဖေဖော်ဝါရီလ (၁၂) ရက်နေ့ အစည်းအဝေးက အခက်အခဲ အကျပ်အတည်းများတော့ ရှိခဲ့၏။ လိပ်ခဲတည်းလည်း အခြေအနေများအား ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံး၌ ပြည်ထောင်စုစာချုပ်အား ချုပ်ဆိုနိုင်ခဲ့ကြ၏။ တိုင်းရင်းသား သွေးစည်း ညီညွှတ်ရေးစာချုပ် …..။ ပင်လုံစာချုပ်……။

THE PANGLONG AGREEMENT
Panglong

February 12th, 1947

A conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representative of the Shan States, the Kachin Hills and the Chin Hills:

The Members of the conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government:

1.   A Representative of the Hill Peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples (SCOUHP), shall be appointed a Counsellor for Frontier Areas shall be given executive authority by similar means.

2.   The said Counsellor shall also be appointed a Member of the Governor’s Executive Council, without portfolio, and the subject of Frontier Areas brought within the purview of the Executive Council by Constitutional Convention as in the case of Defence and External Affairs. The Counsellor for Frontier Areas shall be given executive authority by similar means.

3.   The said Counsellor shall be assisted by two Deputy Counsellors representing races of which he is not a member. While the two Deputy Counsellors should deal in the first instance with the affairs of their respective areas and the Counsellor with all the remaining parts of the Frontier Areas, they should by Constitutional Convention act on the principle of joint responsibility.

4.   While the Counsellor, in his capacity of Member of the Executive Council, will be the only representative of the Frontier Areas on the Council, the Deputy Counsellors shall be entitled to attend meetings of the Council when subjects pertaining to the Frontier Areas are discussed.

5.   Though the Governor’s Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of those Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle.

6.   Though the question of demarcating and establishing a separated Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As a first step towards this end, the Counsellor for Frontier Areas and the Deputy Counsellors shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as are Part II Scheduled Areas under the Government of Burma Act of 1935.

7.   Citizens of the Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries.

8.   The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.

9.   The arrangements accepted in this Agreement are without prejudice to the financial assistance which the Kachin Hills and the Union Hills are entitled to receive from the revenues of Burma, and the Exeutive Council will examine with the Frontier Areas Counsellor and Deputy Counsellors the feasibility of adopting for the Kachin Hills and the Chin Hills financial arrangement similar to those between Burma and the Federated Shan States.

Burmese Government.

(Signed) Aung San

Kachin Committee.

(Signed) Sinwa Naw, Myitkyina

(Signed) Zaurip, Myitkyina

(Signed) Dinra Tang, Myitkyina

(Signed) Zau La, Bhamo

(Signed) Zau Lawn, Bhamo

(Signed) Labang Grong, Bhamo

Chin Committee

(Signed) Pu Hlur Hmung, Falam

(Signed) Pu Thawng Za Khup, Tiddim

(Signed) Pu Kio Mang, Haka

Shan Committee

(Signed) Saohpalong of Tawngpeng State.

(Signed) Saohpalong of Yawnghwe State.

(Signed) Saohpalong of North Hsenwi State.

(Signed) Saohpalong of Laihka State.

(Signed) Saohpalong of Mong Pawn State.

(Signed) Saohpalong of Hsamonghkam State

(Signed) Representative of Hsahtung Saohpalong. Hkun Pung

(Signed) U Tin E

(Signed) U Htun Myint

(Signed) U Kya Bu

(Signed) Hkun Saw

(Signed) Sao Yape Hpa

(Signed) Hkun Htee

parngloongagg

ပင်လုံညီလာခံ

aungsan

ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းလက်မှတ်ထိုးစဉ်

ပင်လုံစာချုပ် ၁၉၄၇

နေ့စွဲ။ ။ ၁၉၄၇ ဖေဖေါ်ဝါရီ လ (၁၂) ရက်။

ပင်လုံ။

မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးတို့အပြင် ရှမ်းပြည်၊ ကချင် တောင်တန်းဒေသ များနှင့် ချင်းတောင်တန်း ဒေသများမှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီး၌ ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိ လိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွှတ်တည်း အောက်ပါအတိုင်း သဘောတူ ညီကြသည်။

၁။ တောင်တန်းသားများကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန် တောင်ပေါ်သားများ ညီညွတ်ရေး ဦးစီးအဖွဲ့မှ ကိုယ်စားလှယ် များက ထောက်ခံသည့် ကိုယ်စားလှယ် တဦးကို ဘုရင်ခံက ရွေးချယ်၍ ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ဌာနလက်ကိုင်မရှိ ဝန်ကြီးအဖြစ်လည်း ခန့်ထားရမည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးနည်းတူ တောင်တန်းဒေသရေးရာ ဌာနကိုလည်း ဥပဒေဖြင့် ပြဋ္ဌာန်း၍ အမှုဆောင် ကောင်စီ အောက်၌ ထားရှိရမည်။ ထိုတောင်တန်း ဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီးအား အလားတူ နည်းအတိုင်း အုပ်ချုပ်ခွင့် အာဏာများကို အပ်နှင်းရမည်။

၃။ အဆိုပါ အတိုင်ပင်ခံဝန်ကြီးအား ကူညီရန်အတွက် ၎င်းနှင့် လူမျိုးချင်းတူမဟုတ်သည့် အခြား တောင်တန်းသားများအား ကိုယ်စားပြုသော တွဲဘက် အတိုင်ပင်ခံနှစ်ဦး ရှိရမည်။ ထို အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ပထမဦးစွာ မိမိတို့၏ ဆိုင်ရာ နယ်ပယ်ရေးရာ များကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ အတိုင်ပင်ခံ ဝန်ကြီးမှာမူ ကျန်ရှိသည့် အခြားသော တောင်တန်း ဒေသ ရေးရာများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ် သုံးဦးတို့သည် အခြေခံ ဥပဒေက ပြဋ္ဌာန်းသည့်အတိုင်း စုပေါင်း တာဝန်ယူ လုပ်ကိုင်ရမည်။

၎။ အတိုင်ပင်ခံ ဝန်ကြီးသည် အမှုဆောင်ကောင်စီ အဖွဲ့ဝင်အနေဖြင့် ကောင်စီတွင် တောင်တန်း ဒေသများ၏ တဦးတည်း သော ကိုယ်စားလှယ် ဖြစ်သော်လည်း တောင်တန်းဒေသ ကိစ္စများကို ဆွေးနွေးသောအခါ တွဲဘက် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ကောင်စီ အစည်းအဝေးသို့ တက်ရောက် နိုင်ခွင့်ရှိရမည်။

၅။ အထက်ပါ သဘောတူညီချက်အရ ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုရရှိ ခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန်ု မည်သည့် ဒေသတွင်မဆို လုံးဝ ပြုမှုလိမ့်မည် မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မှုအားဖြင့် လက်ခံသည်။

၆။ မြန်မာ ပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှတ်ရေးနှင့် ကချင်ပြည်နယ် တည်ထောင်ရေးကို တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြဆုံးဖြတ်စေရမည် ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူ လက်ခံ ကြသည်။ ဤရည်ရွယ်ချက်ကို ပထမဆင့် အကောင်အထည် ဖော်သည့်အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ အပိုင်း (၂) ခြွင်းချန် ဒေသများကို အုပ်ချုပ်သည့်နည်းတူ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင် အတွင်းရှိ ဒေသများ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ လည်း တောင်တန်းဒေသ အတိုင်ပင်ခံ ဝန်ကြီးနှင့် တွဲဘက် အတိုင်ပင်ခံတို့ကို တိုင်ပင်ဆွေးနွေးရမည်။

၇။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံများ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိ ခံစားစေရမည်။

၈။ ဤစာချုပ်ပါ အစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခု ကျင့်သုံးခွင့်ပြုထားသော ဘဏ္ဍာရေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို မည်သို့မှ ထိခိုက်ခြင်း မရှိစေရ။

၉။ ဤစာချုပ်ပါ အစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်း ဒေသနှင့် ချင်းတောင်တန်း ဒေသတို့က ရပိုင်ခွင့်ရှိသော ဘဏ္ဍာရေး အကူအညီအား မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ၊ ထို့ပြင် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေး စီစဉ်ဆက်သွယ်မှုများကဲ့သို့ အလားတူ ဘဏ္ဍာရေး စီစဉ် ဆက်သွယ်မှုများကို လက်တွေ့ကျင့်သုံးနိုင်ခြင်း ရှိ မရှိ အမှုဆောင် ကောင်စီသည် တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီး၊ တွဲဘက် အတိုင်ပင်ခံများနှင့်အတူ စူးစမ်း လေ့လာမည်။

မြန်မာနိုင်ငံတော်အစိုးရ
(ပုံ)
အောင်ဆန်း ၁၂-၂-၄၇
ကချင်ကော်မတီ(ပုံ)

(ဆမားဒူးဝါးဆင်ဝါးနောင် မြစ်ကြီးနား) (ဇော်ရစ် မြစ်ကြီးနား) ( ဇော်လ ဗန်းမော်) (ဇော်လွန်း ဗန်းမော် ) (လဗန်းဂရောင်း ဗန်းမော်)

ချင်းကော်မတီ(ပုံ)

(ဦးလွှာမှုန်း အေတီအမ်။ အိုင်တီအက်(စ်)အမ်၊ ဖလမ်း။)( ဦးသောင်ဇာခပ် အေတီအမ်၊ တီးတိန်။ )(ဦးကွယ်မန်း အေတီအမ်၊ ဟားခါး။ )

ရှမ်းကော်မတီ(ပုံ)

(ခွန်ပန်းစိန် တောင်ပိုင်းစပ်ဖလ)ုံ (စပ်ရွှေသိုက် ညောင်ရွှေစပ်ဖလုံ) (စပ်ဟုံဖ မြောက်ပိုင်းသိန္နီစပ်ဖလုံ) (စပ်နွံ လဲချားစပ်ဖလုံ)

(စပ်စံထွန်း မိုင်းပွန်စပ်ဖလုံ) (စပ်ထန်းအေး သာမိုင်းခမ်းစပ်ဖလုံ) (ဦးဖြူ သထုံစပ်ဖလုံ၏ ကိုယ်စားလှယ်)

(ခွန်းဖုံး မြောက်ပိုင်းသိန္နီ) (ဦးတင်ဧ) ( ဦးထွန်းမြင့်) ( ဦးကြာပု) (ဦးခွန်စော) (စပ်ရစ်ဖ ) ( ဦးခွန်ထီး)

panglong2

ပင်လုံညီလာခံ

panglong

ကိုးကား (၁)

ကိုးကား (၂)

ကိုးကား (၃)

ကိုးကား (၄)

ကိုးကား (၅)

ကိုးကား (၆)

ကိုးကား (၇)

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: