kyunhla Township

Home » Education » စာပေကဏ္ဍ » ဝတ္ထု၊ဆောင်းပါး

ဝတ္ထု၊ဆောင်းပါး

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

Categories

ဧည့်မှတ်တမ်း

free counters
Advertisements

ကဲ ……ဘယ်နှစ်ယောက်စားဖို့ ရှာဖွေနေကြတာလဲ

ဟိုးတစ်ခါက ခြံခြင်းကပ်နေထိုင်ကြတဲ့ လယ်သမားကြီး နှစ်ဦး ရှိကြပါတယ်။ တစ်ဦးကတော့ တော်တော် လေးနှမျော တွန့်တို တတ်ပြီး မိမိပိုင် ပစ္စည်းတွေ၊ ခြံထွက် အသီးအနှံတွေကိုအခြားသူတွေ ယူသုံးတာ မကြိုက်ဘူးတဲ့၊ ကျန်တစ်ဦးကတော့ စေတနာ ထက်သန်ပြီး မိမိပစ္စည်များကို အများနဲ့ ဝေငှ  သုံးစွဲတယ်။ လိုအပ်သူများကို ငှားရမ်းပေးတယ်။  မိမိခြံထွက်  အသီးအနှံများဆို တစ်ရွာလုံးသာမက ဘေးပတ်ဝန်းကျင်ရွာများကပါ စားဖူးသောက်ဖူး တာပေါ့။ ဒီတော့လဲ လူတို့ထုံးစံအတိုင်း  စေတနာ ထက်သန်သူများကို သာ ချစ်ခင်ကြတာပေါ့။ နှမျော တွန့်တိုတတ်တဲ့သူကိုတော့ ကူညီချင်သူရှားတယ်ကွဲ့။ သူ့လယ်ယာ တွေမှာ မနိုင်မနင်း ဖြစ်လာရင်  ကူညီချင်သူ ရှားတာပေါ့။ မနိုင်တော့ဘူးဆိုရင် အလုပ်သမားတွေ ငှားလုပ်ရတယ်။ ရာသီဥတုနဲ့ မကိုက်ညီတဲ့နှစ်တွေများဆို သီးနှံတွေရှုံးလို့ တော်တော်ထိခိုက်တာ။ ငှားရမ်းခတွေ မပေးနိုင်တော့  သူငှားမယ်ဆို အလုပ်သမားတွေက သိပ်မလိုက်ချင်ကြဘူး။ လိုက်တဲ့သူတွေကလဲ ဝတ်ကြေတမ်းကြေပဲ လုပ်ကြတာလေ။ ဒီတော့ အသီးအနှံထွက်လဲ နဲတာပေါ့။ သူ့မိသားစုလဲ ဝဝလင်လင် တောက်တောက်ပြောင်ပြောင် မရှိဘူးလေ။

စေတနာရှိတဲ့ လယ်သမား ကတော့ ဝိုင်းဝန်း လုပ်ကိုင်ချင်သူတွေကလဲ မရှား။ ဝိုင်းဝန်းသူတွေကလဲ ဒီကထွက်ရင် သူတို့ရတာနဲ့ အတူတူလိုဖြစ်နေတာကို။ ဒီတော့ ကိုယ့်အလုပ်လိုပဲ အလေးထားလုပ်ကြတာပေါ့။ အလုပ်သမားငှားရပြီဆိုလဲ လုပ်အားခ ထက်ပိုအောင် ပေးနေတာ့ နောက်မငှားမှာ စိုးကြတာပေါ့။ အားလုံးစေတနာ အပြည့်နဲ့ လုပ်လိုက်တာ ကိုယ်ပိုင် အလုပ်ထက်တာင် ပိုသေးတယ်။  ဒီတော့လဲ အသီးအနှံတွေက  ပေးတာကမ်းတာ အပြင် ပိုလျှံတာတွေ ရောင်းပြီး ရွာမှာ မတတ်နိုင်တဲ့ ကလေးတွေကို ရှင်ပြုပေးလိုက်ရသေးတယ်။
သူတို့မိသားစုလဲ ဝဝလင်လင်စားရတယ်။ ပတ်ဝန်းကျင်လဲ ဝဝလင်လင် စားရတယ်။ နောက်ဆုံး သူ့အိမ်မှာမွေးထာတဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေက အစ ဝဝလင်လင် စားရတာပေါ့။

ကဲ မိတ်ဆွေများရော ဘယ်နှစ်ယောက်စားဖို့ ရှာနေကြတာလဲ။ ဒီအဖြစ်အပျက်ထဲကလိုပဲ တစ်ယောက်စာပဲ ရှာရင်တော့ တစ်ယောက်စာတောင် အနိုင်နိုင် ဖြစ်တတ်တယ်နော်။ တစ်လောကလုံးအတွက် ရှာရင်တော့ တလောကလုံး သုံးလို့စားလို့ မကုန်နိုင်တဲ့ အကျိုးအမြတ်တွေရမှာပါ။ ဒါဟာ ပုံပြင်မဟုတ်ပါဘူး။ သိပ္ပံနည်းကျ တွေးခေါ်ကြည့်လို့ ရပါတယ်။ လူသားအားလုံးအတွက် အကျိုးပြုနိုင်ကြပါစေ။

Post by Htun Htun Naing on လင်းရောင်သစ် ပညာရေးပရဟိတအဖွဲ့

ပရဟိတစိတ်ဓာတ်

            ပရဟိတစိတ်ဓာတ်ဆိုတာ ဘုရားလောင်းစိတ်ဓာတ်ပါပဲ။ ခုယူရင် ခုရနိုင်တဲ့ နိဗ္ဗာန်ချမ်းသာကို စွန့်ပြီး လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်တွေကို အပင်ပန်း အဆင်းရဲခံပြီး ဖြည့်ကျင့်ခဲ့တာဟာ သတ္တဝါတွေရဲ့ အကျိုးစီးပွားကို လိုလားတဲ့ ပရဟိတစိတ်ဓာတ်ကြောင့်ပါ။

            ဘုရားဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကို ပြောပါဆိုရင် ပရဟိတစိတ်ဓာတ်ကိုပဲ ပြောရပါလိမ့်မယ်။ ပရဟိတစိတ်ဓာတ်သာ မရှိရင် ပါရမီတော်တွေ မဖြည့်ကျင့်ဖြစ်ပါဘူး။ ပါရမီတော်တွေမှ မဖြည့်ကျင့်ရင်လည်း ဘုရားမဖြစ်နိုင်ပါဘူး။ ပါရမီတော်တွေ ဖြည့်ကျင့်တယ် ဆိုတာကလည်း အဓိကအားဖြင့် ပရဟိတ အလုပ်တွေ လုပ်တာပါပဲ။ လူမှုရေးပရဟိတလည်းပါသလို သာသနာရေးပရဟိတတွေလည်းပါပါတယ်။ လောကီကောင်းကျိုး ပရဟိတတွေလည်းပါသလို လောကုတ္တရာကောင်းကျိုး ပရဟိတတွေ လည်း ပါပါတယ်။

            ဘုရားရှင်တိုင်းဟာ ဘုရားမဖြစ်ခင်မှာလည်း ပရဟိတ စိတ်ဓာတ်နဲ့ပဲပါရမီဖြည့်ခဲ့ကြသလို ဘုရားဖြစ်ပြီး နောက်ပိုင်းမှာလည်း ပရဟိတစိတ်ဓာတ်နဲ့ပဲ လောကကို ကောင်းကျိုးပြုသွားခဲ့ကြပါတယ်။ ဘုရားဆိုတာ ပရဟိတရဲ့ အမှတ်သင်္ကေတပါ။ တစ်လောကလုံးမှာ ပရစိတစိတ်ဓာတ်အရှိဆုံးနဲ့ ပရဟိတအလုပ် အလုပ်ဆုံးပုဂ္ဂိုလ်ဟာ သမ္မာသမ္ဗုဒ္ဓဘုရားပါပဲ။

            ဘုရားလောင်းတွေ၊ ဘုရားရှင်တွေမှာသာ ပရဟိတ စိတ်ဓာတ် ရှိတာလားဆိုတော့ မဟုတ်ပါဘူး။ စိတ်နေစိတ်ထား မြင့်မားကြီးမြတ်တဲ့ ပုဂ္ဂိုလ်တိုင်းမှာ ပရဟိတစိတ်ဓာတ် ရှိပါတယ်။

အရှင်ဆန္ဒာဓိက၏ “နှလုံးသားမိတ္တူ” စာအုပ်မှ ပရဟိတစိတ်ဓာတ်

 Join to လင်းရောင်သစ် ပညာရေးပရဟိတအဖွဲ့

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

ရွှေကျွန်းလှစာမျက်နှာ

%d bloggers like this: