kyunhla Township

Home » Education » စာပေကဏ္ဍ » အတွေးစပုံပြင် » အတွေးစပုံပြင် (၂)

အတွေးစပုံပြင် (၂)

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

Categories

ဧည့်မှတ်တမ်း

free counters
Advertisements

 

တစ်ချိန်တုန်းက နွေရာသီရေတွေခမ်းလာတော့ ရေအိုင်တစ်ခုမှာ လိပ်တစ်ကောင်ဟာ ဒုက္ခရောက်စပြုလာပါတယ်။ ဒါကိုမြင်တဲ့ ဗျိုင်းနှစ်ကောင်က ကယ်ဖို့ ကြိုးစားကြတယ်။ နောက်တော့ နည်းလမ်းတစ်ခုရသွားပြီး လိပ်ကို ပြောကြတယ်။ အသင်လိပ်၊ ရေအိုင်ထဲတွင် ရေခမ်းနေသောကြောင့် ရေရှိသော အခြားအိုင်များသို ပို့ပေးပါမည်၊ ကျွန်ုပ်တို့မှ တုတ်တစ်ချောင်းကို အဖျားနှစ်ဖက်မှ ကိုက်ပါမည်။ သင်က အလယ်မှ ကိုက်၍ လိုက်ခဲ့ပါဟုဆိုရာ လိပ်ကလဲလိုက်မည့်အကြောင်း သဘောတူကြသည်။

ဗျိုင်းတို့ က အထူးမှာကြားလိုသည်မှာ လမ်းမှာ လုံးဝစကားမပြောပါနဲ့၊ စကားပြောခဲ့ပါက တုတ်ကိုကိုက်ထားသော ပါးစပ်လွတ်သွားပြီး ပြုတ်ကျသေပါလိမ့်မယ်ဆိုပြီး သတိပေးကြသည်။ လိပ်ကလဲ လက်ခံသည်။

 

 

ဒီလိုနဲ့ တုတ်ကိုကိုက်ချီပြီး လိုက်လာလိုက်တာ နွားကျောင်းသားများရဲ့ အပေါ်ကလဲဖြတ်သွားရော နွားကျောင်းသားလေးတွေက ဟာ ငါတို့အစားဖြစ်တဲ့ လိပ်ကို ဗျိုင်းတွေချီသွားပြီဟေ့ ဆိုပြီး တစာစာအော်တော့ ကြာတော့ လိပ်လဲ မခံနိုင်ဖြစ်လာတယ်။ မင်းတို့ ငါ့အသားကို ဘယ်တော့မှ စားရမှာ မဟုတ်ဘူးလို့ ကြွေးကြော်မယ်ဆိုပြီး ပါးစပ်လဲ ဟလိုက်ရော လိပ်ဟာ အောက်ပြုတ်ကျသေပါတော့တယ်။ ဒီတော့မှ နွားကျောင်းသားလေးတွေက လိပ်သေကို ဟင်းလျာအလို့ငှါ ကောက်ယူသွားကြပါတော့တယ်။

 

 

အိန္ဒိယပုံပြင်လို့ဆိုပါတယ်။ ကျောင်းပြဌာန်းစာမှာ ငယ်ငယ်က သင်ဖူးပါတယ်။ ပညာမဲ့သူတစ်ယောက်ရဲ့ နိဂုံးပါ။ နောက်တစ်ခုရှိပါသေးတယ်။ ဒီပုံပြင်ရဲ့နောက်ဆက်တွဲလေးပါ။

 

စောစောက လိပ်လိုပါပဲ။ ရေအိုင်မှာရေခမ်းတော့ ဗျိုင်းနှစ်ကောင်ဟာ လိပ်ကို တုတ်တစ်ချောင်းရဲ့ အလယ်က ကိုက်စေပြီး သူတို့က အဖျားနှစ်ဘက်က ကိုက်ချီသွားကြပါတယ်။ နွားကျောင်းသားလေးတွေရဲ့ အပေါ်ကနေဖြတ်သွားတယ်ဆိုရင်ပဲ နွားကျောင်းသားလေးတွေက ဟာ ငါတို့အစာဖြစ်တဲ့လိပ်ကို ဗျိုင်းနှစ်ကောင်ချီသွားပြီဟေ့။ ဒီဗျိုင်းကြောင့် ငါတို့အစာတော့ လွတ်သွားတော့မှာပဲ ဆိုပြီး ဝိုင်းအော်ကြတယ်။ လိပ်က အရင်သူ့ဘိုးဘေးတော်လိပ်ပြုတ်ကျထားတာကို ကြားဖူးတယ်။ စကားလုံးဝပြန်မပြောပါဘူး။ ဒါပေမယ့် ကြာလာတော့ ဗျိုင်းနှစ်ကောင်က သည်းမခံနိုင်တော့ပါဘူး။ မင်းတို့ ဒီလိပ်သားကို ဘယ်တော့မှ စားရမှာ မဟုတ်ဘူးလို့ အော်မယ်ဆိုပြီး ပါးစပ်ဟလိုက်တယ်ဆိုရင် တုတ်နဲ့အတူ လိပ်ဟာ ပြုတ်ကျသေဆုံးသွားပါတော့တယ်။  နွားကျောင်းသားတွေဟာ လိပ်သေကို ပျော်ရွှင်စွာ ကောက်ယူသွားကြပါတော့တယ်။

 

ကိုယ်တိုင်ပညာရှိတယ်။ တွေးခေါ်တတ်တယ်ဆိုပေမယ့် ပညာမဲ့သူကို ယုံပြီး မိမိဘဝကို ပုံအပ်လိုက်ရင်တော့ အန္တရာယ်ရှိတတ်ပါတယ်။

 

Htun Htun Naing

ငယ်စဉ်ကဖတ်ဖူးသော ပုံပြင်ကို ပြန်လည်ဖေါ်ပြခြင်းဖြစ်သည်။ မူလရေးသူ မမှတ်မိပါ။

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

ရွှေကျွန်းလှစာမျက်နှာ

%d bloggers like this: