kyunhla Township

Home » Civil Society » ဗုဒ္ဓရောင်ခြည်

ဗုဒ္ဓရောင်ခြည်

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

Categories

ဧည့်မှတ်တမ်း

free counters
Advertisements

သာသနာထွန်းကားရာရပ်ဝန်း ကျွန်းလှမြို့ ပရ၀ဏ်အတွင်းမှ

“ဗုဒ္ဓရောင်ခြည်” ဘာသာရေးစာကြည့်အသင်း

အသင်းအမည်

“ဗုဒ္ဓရောင်ခြည်” ဘာသာရေးစာကြည့်အသင်း

ရည်ညွှန်းချက်

အလင်းရောင်၏ အမြန်နှုန်းဖြစ်သော တစက္ကန့်လျှင် (၁၈၆,၀၀၀)မိုင်နှုန်းမျိုးကဲ့သို့ လျှင်မြန်စွာပြန့်ပွားစေရန်

ရည်ရွယ်လျှက် “ဗုဒ္ဓရောင်ခြည်” ဟူသော အမည်ကိုယူပါသည်။

အသင်းဆောင်ပုဒ်

ဤအသင်းသည် ဘာသာရေးစာကြည့်အသင်း၊ တစ်နည်းအားဖြင့် တရားအသိပေးလှူသော အသင်းဖြစ်သောကြောင့် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” အလှူအားလုံးတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သည် ဟူသော စကားစုကို အသင်း၏ ဆောင်ပုဒ်အဖြစ် သတ်မှတ်ပါသည်။

အသင်းတည်နေရာ

သစ်ရာမြိုင်တိုက်တန်း၊ ကျွန်းလှမြို့

အသင်းစတင်ဖွင့်လှစ်သည့်နေ့ရက်

သာသနာတော်နှစ်-၂၅၅၂ ခုနှစ်၊ ကောဇာသက္ကရာဇ်-၁၃၇၀ ခု၊ နယုန်လပြည့်နေ့

ခရစ်နှစ် – ၂၀၀၈ ခုနှစ်၊ ဇွန်လ (၁၈) ရက်၊ ဗုဒ္ဓဟူးနေ့

အသင်းအမျိုးအစား

ဘာသာရေးအသင်း

အသင်းနောက်ခံသမိုင်း

ဤအသင်းဖြစ်ပေါ်မလာမီ နှစ်အနည်းငယ်အတွင်း  ရပ်ကွက်အတွင်းရှိ လူငယ်များစုစည်း၍ တရားခွေများနှင့် တရားစာအုပ်များကို နီးစပ်ရာ မိတ်ဆွေများထံသို့ အရောက်ပေးပို့ငှားရမ်းခြင်းကို မိမိတို့ဆန္ဒအလျောက် ကုသိုလ်ပြု ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ ဤသို့ပြုလုပ်ဆောင်ရွက်ကြရင်းဖြင့် တရားစာအုပ်နှင့် တရားခွေများ ဓမ္မဒါနအဖြစ် ငှားရမ်းပေးသည့် အသင်းတစ်သင်းကို တည်ထောင်သင့်ကြောင်း စိတ်ကူးမိကြပါသည်။ ၄င်းနောက် ဆွေးနွေးတိုင်ပင်ကြပြီး စိတ်အားထက်သန်သည့် နယကလူကြီးများ၊ စေတနာရှင် အလှူရှင်များ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးမှ အသင်းသား/သူ တို့၏ လူအား၊ ငွေအား အကူအညီတို့ဖြင့် ဤအသင်းကြီးကို စတင်တည်ထောင်ခဲ့ကြခြင်းဖြစ်ပါသည်။

အသင်းဖွဲ့စည်းပုံ

တာဝန် ဦးရေ
နာယက ၁ ဦး
ဥက္ကဌ ၁ ဦး
ဒုဥက္ကဌ ၁ ဦး
အတွင်းရေးမှူး ၂ ဦး
စာကြည့်တိုက်မှူး ၁ ဦး
တွဲဘက်စာကြည့်တိုက်မှူး ၂ ဦး
ဝင်ငွေကိုင် ၂ ဦး
သုံးငွေကိုင် ၂ ဦး
စာရင်းစစ် ၂ ဦး
ပစ္စည်းထိန်း ၂ ဦး
နေ့စည်အလှည့်ကျအကျိုးဆောင်များ ၃၅ ဦး
စာအုပ်လှူဒါန်းမှုစာရင်းကိုင် ၃ ဦး
စီဒီ/ဒီဗီဒီ တိတ်ခွေလှူဒါန်းမှုစာရင်းကိုင် ၃ ဦး
အထွေထွေမှတ်တမ်းတင် ၂ ဦး
ဓမ္မသဘင်အခမ်းအနားပြင်ဆင်ရေးတာဝန် ၇ ဦး
တရားနှိုးဆော်ဖိတ်ကြားရေးတာဝန် ၃ ဦး
ရပ်ဝေးမှတရားနာပရိတ်သတ်များ ကြို/ပို့ ကားတာဝန်  ၅ ဦး
ရပ်ဝေးမှတရားနာပရိတ်သတ်များ ကြို/ပို့ ကားဆီတာဝန် ၃ ဦး
အထွေထွေအကျိုးဆောင်များ ၁၂၄ ဦး
စုစုပေါင်းအသင်းသား/သူ ဦးရေ ၂၀၃ ဦး

စာကြည့်အသင်းကို စတင်ဖွဲ့စည်းရန် မလွယ်ကူသကဲ့သို့ ဆက်လက်ရေရှည် တည်တံခိုင်မြဲရန်အတွက် အလွန်ခက်ခဲလှပါသည်။ ထို့ကြောင်း အသင်းသား/သူများ စုပေါင်းညှိနှိုင်းတိုင်ပင်၍ အထက်ပါ ဖွဲ့စည်းပုံဖြင့် စနစ်တကျ ဖွဲ့စည်းခဲ့ကြပါသည်။

ရည်ရွယ်ချက်

၁။   ရခဲလှသော လူ့ဘ၀တွင် ကြုံကြိုက်ခဲလှသော ဗုဒ္ဓသာသနာတော် အတွင်းဗုဒ္ဓ၏ အဆုံးအမများကို လေးနက်စွာ သိရှိနားလည်စေရန်၊

၂။   မိဘရိုးရာ အစဉ်အလာအရ မိရိုးဖလာဘာသာအဖြစ် ကိုးကွယ်နေရာမှ အတုမရှိသော ဓမ္မဓိဌာန်ကျသော သဘာသ အမှန်တရားကို အခြေခံသော စစ်မှန်သည့် ဗုဒ္ဓ၏ အဆုံးအမ တရားတော်များကို နက်ရှိုင်းစွားလေ့လာ၍ တရားစစ်၊ တရားမှန်များကို လေ့လာကျင့်သုံးလိုက်နာလာစေရန်၊

၃။   လူမှုရေး၊ စီးပွားရေး၊ သံသရာမှလွတ်မြောက်ရေးဖြစ်သော မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို လေ့လာသိရှိ၍ လိုက်နာကျင့်သုံးခြင်းဖြင့် ငြိမ်းချမ်းသော လူနေမှုဘ၀၊ ယဉ်ကျေးသော လူမှုပတ်ဝန်းကျင် ဖြစ်လာစေရန်၊

၎။   ဆရာစွဲ၊ ကျောင်းစွဲ၊ ဂိုဏ်းဂဏစွဲ၊ ဒေသစွဲများ ပယ်ပျောက်စေပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များ အောက်တွင် တသွေးတည်းတသားတည်းဖြစ်စေရန်၊

၅။   လူတို့သည် မွေးဖွားလာရာမှ စတင်၍ ပုံစံအမျိုးမျိုးဖြင့် ကွဲပြားခြားနားစွာ ရှိနေစေကားမှု တချိန်ချိန်တွင် သေရမည်မှာ အတူတူပင်ဖြစ်ရာ မသေခင် မြတ်ဗုဒ္ဓ၏ တရားထူး၊ တရားစစ်၊ တရားမှန်များကို သိရှိနားလည်၍ တန်ဖိုးရှိသော လူသားတစ်ဦးအဖြစ် ရပ်တည်နိုင်စေရန်၊

၆။   မိမိတို့၏ လုပ်ဆောင်ချက်များသည် ကျယ်ပြန့်လှသော မြတ်ဗုဒ္ဓ၏ သာသနာတွင် သဲတစ်ပွင့်၊ မြူတစ်မှုန်မျှ ဖြစ်စေကားမှု အသက်ထက်ဆုံး ကိုယ်စွမ်းဥာဏ်စွမ်း ရှိသ၍ အတူတကွ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန်၊

၇။   “ဗုဒ္ဓရောင်ခြည်” ဘာသာရေးစာကြည့်အသင်းကို အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေလျှက် အနာဂတ် မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းရန်။

ရည်မှန်းချက်

၁။   ဆင်းရဲနွမ်းပါးသော ကလေးငယ်များအတွက် ပညာသင်ထောက်ပံ့ကြေး ထူးချွန်ပညာသင်ဆုပေးခြင်းဖြင့် ကူညီဆောင့်ရှောက်ရန်၊

၂။   ရဟန်းဒါယကာလိုအပ်လျှက်ရှိသော သံဃာတော်များအား အသင်းမှ ပစ္စည်းလေးပါးဒါယကာအဖြစ် ကုသိုလ်ယူသွားရန်၊

၃။   နှစ်စဉ် ဓမ္မသဘင်ကျင်းပနိုင်ရန်၊

၎။   နှစ်စဉ် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်နိုင်ရန်၊

၅။   နှစ်စဉ် စာပေဟောပြောပွဲများ ကျင်းပနိုင်ရန်၊

၆။   နှစ်စဉ် သက်ကြီးပူဇော်ပွဲ ကျင်းပနိုင်ရန်၊

၇။   လူမှုကူညီရေးအသင်းများကို အသင်း၏ ဘဏ္ဍာရေးအခြေအနေအရ ဆက်လက်ဖွဲ့စည်းဆောင်ရွက်ရန်၊

၈။   အသင်းပိုင်မြေနေရာ၊ အသင်းပိုင် အဆောက်အဦး၊ အသင်းပိုင် ပရိဘောဂ၊ အသင်းအတွက် ခိုင်မာသော ငွေပဒေသာပင်တို့ဖြင့် ပြည့်စုံပြီး အသင်း၏ရည်ရွယ်ချက်  များ ပြည့်မြောက်စေရန်အတွက် အသင်း၏ ခိုင်မာတိကျသော လမ်းစဉ်(မူ)ဖြင့် မတိမ်းမစောင်းရပ်တည်သွားသည့် အသင်းကြီးအဖြစ် ရပ်တည်သွားရန်။

အသင်းစတင်ဖွဲ့စည်းစဉ်ကာလ လုပ်ဆောင်ချက်

၁။ “ဗုဒ္ဓရောင်ခြည်” စာကြည့်အသင်းမှ ဘာသာရေးစာအုပ်များ၊ တရားတော် DVD,VCD, Tape များနှင့် ဖတ်စရာ၊ မှတ်စရာ၊ အတုယူစရာ ဓမ္မရသ စာအုပ်၊ စာဆောင် များကို ညနေ(၄း၀၀)နာရီမှ ည(၈း၀၀)နာရီအထိ မည်သူ့ကိုမဆို ဓမ္မဒါနအဖြစ် “အခမဲ့” ငှားရမ်းပေးပါမည်။

၂။  “ဗုဒ္ဓရောင်ခြည်” ဘာသာရေးစာကြည့်အသင်း၏ အထွေထွေ စာရင်းရှင်းလင်းခြင်းကို လစဉ် လပြည့်နေ့တိုင်း ကျင်းပခြင်း။

အသင်းသို့ စာအုပ်၊ VCD များ စတင်လှူဒါန်းမှုစာရင်း

ဓမ္မရသ စာအုပ် ၁၆၁ အုပ်
VCD ၁၆၈ ခွေ

အသင်းစတင်ဖွဲစည်းပြီးနောက် ဆက်လက်လုပ်ဆောင်ချက်များ

၁။   ထေရ၀ါဒစာပေနှင့် တရားတော် စာအုပ်၊ DVD, VCD, Tape များကို (အခမဲ့) အငှားကဒ်(၁၅၆၁)ဦး ထုတ်ပေးပြီး စနစ်တကျ ငှားရမ်းပေးခြင်း၊

၂။   အသင်းနှစ်ပတ်လည် အထူးဓမ္မသဘင်ကို ပထမအကြိမ်(၁၅.၅.၂၀၀၉)ညနှင့် ဒုတိယအကြိမ်အထူးဓမ္မသဘင်ကို(၁၁.၂.၂၀၁၁)မှ(၁၃.၂.၂၀၁၁)ထိ (၃)ညနှင့် (၂၃.၂.၂၀၁၁)မှ (၂၄.၂.၂၀၁၁)ထိ (၂)ည စုစုပေါင်း (၅)ည ကျင်းပပူဇော်ခြင်း၊ ကလေးငယ်များ ယဉ်ကျေးလိမ္မာသင်တန်းကို မန္တလေးမြို့ သစ္စဝေဒဂူ ဆရာတော်များနှင့် ပူပေါင်း၍ (၂၇.၅.၂၀၁၁) မှ (၅.၆.၂၀၁၁)ရက်နေ့ထိ (၁၀)ရက်တိုင်တိုင် ကျင်းပခြင်း၊

၃။   ဓမ္မကထိက ဆရာတော် အရှင်သူမြတ်တို့အား ကြိုဆိုပင့်ဆောင် ဝေယျာဝစ္စကုသိုလ်ယူခြင်း၊ မြို့ပေါ်၊ ကျေးရွာ ဓမ္မသဘင်ပွဲများတွင် ဝေယျာဝစ္စကုသိုလ်ယူခြင်း၊

၎။   မြို့ပေါ်ရှိ ဓမ္မသဘင်ပွဲများတွင် နယ်မှ တရားနာပရိတ်သတ်များအား မြို့ပေါ်၊ ကျေးရွာအသီးသီးရှိ ကားပိုင်များ၊ ကားအဖွဲများနှင့် ညှိနှိုင်းတိုင်ပင်၍  တရားဓမ္မနာကြား နိုင်ရန်အတွက် ကားဖြင့် ကြို/ပို့ ဝေယျာဝစ္စကုသိုလ်ယူခြင်း၊

၅။   မြတ်ဗုဒ္ဓ၏ အသွေးတော်၊ အသားတော်များ လှူဒါန်းသော ဒါနမျိုးကို အတုယူ၍ သွေးလှူရှင်များစုပေါင်းပြီး သွေးလှူရှင်အဖွဲ့ကို (၂၁.၇.၂၀၁၁)ရက်နေ့မှ စတင် ဖွဲ့စည်းပြီး စေတနာရှင်များ စုပေါင်း၍ စာရင်းပေးသွင်းလျှက် စနစ်တကျ သွေးစစ်၍ အရေးပေါ်လူနာများအတွက် အမျိုးသာ/သမီး သွေးလှူရှင် (၉၄)ယောက်မှ စတင်ပြီး (၃၁.၈.၂၀၁၁)ထိ သွေးလှူရှင်ဦးရေ (၂၂၅)ဦးမှ (၃)နှစ်တာကာလအတွင်း (၃၁၂)ကြိမ် ဇိဝိတဒါန သွေးလှူဒါန်းပေးခြင်း။

အသင်းဘဏ္ဍာငွေရရှိမှု

(၁)   နေ့စဉ် အထွေထွေလှူဒါန်းကြခြင်း၊

(၂)   လစဉ် အလှူငွေလှူဒါန်းကြခြင်း၊

(၃)   ထာဝရငွေပဒေသာပင် အလှူငွေစိုက်ထူလှူဒါန်းကြခြင်း။

အသင်းဘဏ္ဍာငွေ ထိန်းသိမ်းမှု

ဆန္ဒအလျောက် ထာဝရငွေပဒေသာပင် စိုက်ထူထားသည့် အလှူငွေ  (၄၇၂၀၀၀၀)ကျပ်အား ကျွန်းလှမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်စာရင်းအမှတ်

(SP-167) ဖြင့် အပ်နှံထားပါသည်။

အသင်းအလှူငွေသုံးစွဲလှူဒါန်းမှု

နေ့စဉ် အထွေထွေအလှူရှင်နှင့် လစဉ် အလှူငွေများမှ-

၁။   စာအုပ်၊ CD, DVD, VCD, Tape ၀ယ်ယူခြင်း၊

၂။   အခြားလိုအပ်သော ပစ္စည်းများ ၀ယ်ယူခြင်း၊

၃။   အခြား စာကြည့်အသင်းများအား စာအုပ်နှင့် တရားခွေ ပြန်လည်လှူဒါန်းခြင်း၊

၎။   အသင်း၏ ဓမ္မသဘင်ပွဲများတွင် ဓမ္မပူဇာ ဆက်ကပ်ခြင်း၊

၅။   ဓမ္မသဘင်ပွဲများတွင် လိုအပ်သည့် ပစ္စည်းများဝယ်ယူခြင်း၊

၆။   မြို့ပေါ် သံဃာတော်များအား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း။

(အသင်း၏ အလှူငွေများကို အသင်း၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သုံးစွဲပါသည်။)

အသင်းသို့ လက်ရှိလှူဒါန်းထားသော စာအုပ်၊ DVD, VCD, Tape စာရင်း

ပိဋကတ် မြန်မာပြန်စာအုပ် ၃၁ အုပ်
ဓမ္မရသ ပုံပြစာအုပ် ၄၁၆ အုပ်
ဓမ္မရသ စာအုပ်များ ၂၀၃၄ အုပ်
လစဉ်ထုတ်စာဆောင်များ  ၅၂၀ အုပ်
DVD  ၉၄၃ ခွေ
VCD ၂၂၂၀ ခွေ
Tape ၅၇၃ ခွေ

အထက်ပါလှူဒါန်းမှု စာရင်းသည် (၁၈.၆.၂၀၀၈) မှ (၃၁.၈.၂၀၁၁) အထိ ဖြစ်ပါသည်။

ဆက်သွယ်လှူဒါန်းနိုင်ရန်လိပ်စာများ-

ကိုစောထက်ဇော်၊ ဖူးမေါက် သင်္ကန်းပရိက္ခရာနှင့် အလှကုန်၊ ဖုန်း -၀၉၄၀၀၄၃၀၄၄၇

ကိုမျိုးမင်းသူ၊ လမင်းစံ ဓါတ်ပုံနှင် ဗွီဒီယို ရိုက်ကူးရေး၊ ဖုန်း – ၀၉၄၀၀၄၃၀၃၄၂

ကိုအောင်ကျော်စိုး၊ ဆိုင်ကယ်ဝပ်လျှော့၊ ဖုန်း – ၀၉၄၀၀၄၃၀၁၈၅

မလင်းလင်းထက်၊ ပညာခေတ် ကွန်ပျူတာသင်တန်း၊ ဖုန်း – ၀၉၄၀၀၄၃၀၃၇၃

This slideshow requires JavaScript.

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

ရွှေကျွန်းလှစာမျက်နှာ

%d bloggers like this: