kyunhla Township

Home » Civil Society » ဝေနေယျသုခ

ဝေနေယျသုခ

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

Categories

ဧည့်မှတ်တမ်း

free counters
Advertisements

ကျွန်းလှ တစ်မြို့နယ်လုံးဆိုင်ရာ “ဝေနေယျသုခ” လူမှုကူညီရေးအသင်း

အသင်းအမည်

“ဝေနေယျသုခ”လူမှုကူညီရေးအသင်း

ရည်ညွှန်းချက်

မြို့ပေါ်ရပ်ကွက်၊ ဂိုဏ်းကဏ္ဍ၊ ဒေသစွဲများ ပယ်ဖျောက်ပြီး အများအတွက် မိမိတို့ ရင်တွင်းမှ မွန်မြတ်သော ဆန္ဒကိုယ်စီဖြင့် ပရဟိတ ဆောင်ရွက်ရသော အသင်းဖြစ်ခြင်းကြောင့် “ဝေနေယျသုခ” ဟူသောအမည်ကိုယူပါသည်။

အသင်းတည်နေရာ

အနော်ရထားလမ်းနှင့် ဗေဒါလမ်းထောင့်၊ ကျွန်းလှဘူတာအနီး

အသင်းစတင်ဖွဲ့စည်းသည့်နေ့

၁၃၇၃ ခု၊ ပြာသိုလဆန်း(၈)ရက်၊ ၁.၁.၂၀၁၂ (တနင်္ဂနွေနေ့)

အသင်းအမျိုးအစား

လူမှုကူညီရေးအသင်း

အသင်း၏ရည်ရွယ်ချက်

  1. လူမှုဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မိသားစုတို့အား လူသားချင်းစာနာထောက်ထားသည့် အသိစိတ်ဓါတ်ဖြင့် အကူအညီပေးသွားရန်၊
  2. လူငယ်များသည် မြို့ပေါ်ရပ်ကွက် မခွဲခြားဘဲ တစ်ဦးနှင့်တစ်ဦး ညီအကိုမောင်နှမအရင်းသဖွယ် ချစ်ခင်ရင်းနှီးစိတ်၊ ကူညီရိုင်းပင်းလိုစိတ်၊ အခက်အခဲများကို ၀ိုင်းဝန်းကူညီဆောင်ရွက်လိုစိတ်များရှိလာစေရန်၊
  3. အသင်းသားတိုင်းသည် မည်သည့်အရောင်အသွေးမှမပါဘဲ နာရေးကိစ္စနှင့် လူမှုရေးကိစ္စမှန်သမျှတို့တွင် တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးလိုစိတ်များ ဖြစ်ပေါ်လာစေရန်၊
  4. မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ၊ ဒေသစွဲများ ပယ်ပျောက်စေပြီး မွန်မြတ်သော လူသားခြင်းစာနာထောက်ထားသည့် စိတ်ဓါတ်ကို မွေးမြူတတ်စေရန်၊ အားလပ်နေသော အချိန်များကို တန်ဘိုးရှိစွာ အသုံးချပြီး ၀ိုင်းဝန်းစုပေါင်းဆောင်ရွက်ခြင်းဖြင့်၊ မြို့နယ်၊ ဒေသ၊ ကျေးရွာ အသီးသီးရှိ လူငယ် အချင်းချင်း စည်းလုံးညီညွတ်မှုအားဖြင့် အတ္တ၊ ပရမျှတ၍ တန်ဘိုးရှိသော လူသားများဖြစ်လာစေရန်၊
  5. “ဝေနေယျသုခ” လူမှုကူညီရေးအသင်းကြီးကို အဓွန့်ရှည်စွာ တည်တံခိုင်မြဲစေလျှက် အနာဂါတ် မျိုးဆက်သစ်များကို လက်ဆင့်ကမ်း စောင့်ရှောက်စေရန်။

အသင်းဆောင်ပုဒ်

အသင်းကြီးသည် လူမှုကူညီရေးအသင်း တစ်နည်းအားဖြင့် လူမှုဒုက္ခများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းရန် ရည်ရွယ်၍ ဖွဲ့စည်းသောအသင်းဖြစ်သောကြောင့် “စေတနာထား မေတ္တာပွး၍ လူသားတိုင်းကို ကူညီမည်” ဟူသော စကားစုကို အသင်းဆောင်ပုဒ်အဖြစ်သတ်မှတ်ပါသည်။

အသင်း၏နောက်ခံသမိုင်း

ကျွန်းလှမြို့သူ၊ မြို့သားများ ကျေးရွာဒေသ အသီးသီးရှိစေတနာရှင်များအနေဖြင့် မိမိတို့မြို့ရွာအတွင်းရှိ စေတနာရှင်များအနေဖြင့်လည်း မိမိတို့မြို့ရွာအတွင်းရှိ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်တို့ကို ကူညီဖြေရှင်းရန် ကျွန်းလှမြို့နှင့် ကျောင်းတိုက်အသီးသီးရှိ သီတင်းသုံးတော်မူကြသော ဆရာတော်ကြီးများ၏ သြ၀ါဒ၊ ဌာနဆိုင်ရာ အကြီးအကဲတို့၏ လမ်းညွှန်မှုတို့ကို ရယူလျှက် လိုအပ်လျှက်ရှိသော အခန်းကဏ္ဍများတွင် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ကြောင်း အားလုံးသော မြို့သူ၊ မြို့သားများ အနေဖြင့် တူညီသော ဆန္ဒများ ဖြစ်ပေါ်ခဲ့ကြပါသည်။  ၄င်းနောက် မြို့ပေါ်ရပ်ကွက် အသီးသီးရှိ ရပ်ကွက် ကိုယ်စားပြု စိတ်ပါဝင်စားသူများအား ဖိတ်ကြား၍ အကြံဥာဏ်များ တောင်းခံခဲ့ပါသည်။ (၁.၁.၂၀၁၂)၊ ၁၃၇၃ ခု၊ ပြာသိုလဆန်း(၈)ရက်နေ့တွင် ကျွန်းလှမြို့ ပိတောက်မြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် “ဝေနေယျသုခ” လူမှုကူညီရေးအသင်းကို ကျွန်းလှမြို့သမိုင်းစာမျက်နှာ တစ်နေရာတွင် ပရဟိတ မှတ်တိုင်တစ်ခုအဖြစ် ဖြစ်တည်ပေါ်ပေါက်ခဲ့ပါတော့သည်။

အသင်း၏ ရည်မှန်းချက်

  • “ဝေနေယျသုခ”လူမှုကူညီရေးအသင်းကြီးသည် အနာဂတ်နောင်တစ်ချိန်ချိန်တွင် မြို့နယ်တစ်ခုလုံးတွင် မှီတင်းနေထိုင်ကြသည့် မိသားစုတို့၏ လူမှုဒုက္ခတို့ကို မိမိတို့စွမ်းဆောင်နိုင်သမျှ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးသည့် အသင်းကြီးအဖြစ်ရပ်တည်လာနိုင်ရန်၊
  • အသင်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများကိုပါ ဘဏ္ဍာရေးအခြေအနေအရ စာကြည့်တိုက်၊ အခမဲ့ဆေးပေးခန်း၊ သရဏဂုံတည်ရန် အဆောက်အဦး၊ ကျွန်းလှမြို့သို့ ကြွရောက်ချီးမြှင့်မည့် သံဃာတော်များ ကျိန်းစက်သီတင်းသုံးရန် အဆောက်အဦး၊ ကလေးများကစားကွင်း၊ ပရဟိတဂေဟာနှင့် သက်ကြီးဘိုးဘွားစောင့်ရှောက်ရေး စသည်တို့ကို ဆက်လက် ဖွဲ့စည်းဆောင်ရွက်ရန်တို့ဖြစ်ပါသည်။

အသင်းဖွဲ့စည်းပုံ

၁။   သြ၀ါဒစရိယ ဆရာတော်များ

၂။   နယက လူကြီးမင်းများ

၃။   လုပ်ငန်းဦးစီးကော်မတီအဖွဲ့

၎။   အလုပ်အမှုဆောင်အဖွဲ့ စသည်ဖြင့် အသင်းအဖွဲ့ဝင်ဦးရေ (၁၃၅)ဦးဖြင့် ဖွဲ့စည်းထားရှိပါသည်။

ဘဏ္ဍာငွေကြေးဆိုင်ရာ

ဘဏ္ဍာငွေရရှိမှု- (၁)   လစဉ်အလှူရှင်များ

(၂)   အထွေထွေအလှူရှင်များ

(၃)   ထာဝရငွေပဒေသာပင်များ

လူမှုကိစ္စကူညီစောင့်ရှောက်ခြင်း

လူနာများ၏ ကျန်းမာရေး အခြေအနေအရ ဆေးရုံသို့ ပို့ဆောင်ကုသရန် လိုအပ်သည် အခါများနှင့် အရေးပေါ် လွဲပြောင်းကုသရန်လိုအပ်သော အခါများတွင် တာဝန်ခံ ဆရာဝန်များ၏ လမ်းညွန်ခွင့်ပြုချက်နှင့်အတူ အချိန်မရွေး အသင်းမှ မော်တော်ယာဉ်ဖြင့် သွားလာမှု ကုန်ကျသော ဆီမှအပ အခကြေးငွေ သတ်မှတ်ထားခြင်းမရှိပဲ ကာယကံရှင်၏ စေတနာအလျှောက် လှူဒါန်းမှုဖြင့်သာ ကူညီဆောင်ရွက်ပေးပါသည်။

မန္တလေးမြို့ မှ ဦးထွန်းထွန်းဝင်း + ဒေါ်ကြည်ခိုင် မိသားစုနှင့် ကျောက်မျက်အဖွဲ့မှ လှူဒါန်းထားသော မော်တော်ယဉ်ဖြင့် ၄.၁.၂၀၁၂ ရက်မှ စတင်ကာ ကျန်းမာရေး  စောင့်ရှောက်မှုကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

နှိုးဆော်ခြင်း

ကူညီရိုင်းပင်လိုသော စေတနာ၊ မေတ္တာတရားတို့ဖြင့် ကိုယ်ကျိုးမဖက် အများအတွက် ဟူသော ခံယူချက်ဖြင့် သယ်ပိုးဆောင်ရွက်နိုင်ရန် အကြံဥာဏ်များ ဝေယျာဝစ္စဆောင်ရွက်နိုင်ရန် ကုသိုလ်ရှင်များ လိုအပ်လျှက်ရှိပါသည်။ မိမိတို့ ရင်တွင်းတစ်နေရာမှ ဂရုနာတရားဖြင့် မွန်မြတ်သော ဆန္ဒများ ပေါ်ပေါက်ခဲ့ပါက “ဝေနေယျသုခ”လူမှုကူညီရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

အဓိဌာန်

မိမိတို့သည် ကျယ်ပြန့်လှသော လူမှုနယ်ပယ်အတွင်း သဲတစ်ပွင့် မြူတစ်မှုံမျှ ဖြစ်စေကားမူ တစ်စုံတစ်ယောက်အား တစ်စုံတစ်ရာသော စိတ်ချမ်းသာမှုကို တစ်ထောင့်တစ်နေရာမှ အများအတွက် ပေးဆပ်နိုင်မည်ဆိုပါက “ဝေနေယျသုခ”လူမှုကူညီရေးအသင်း ကုသိုလ်ထူး လုပ်ငန်းကြီးကို ဖွဲ့စည်းရကျိုးနပ်ပြီဟု ခံယူမိပါတော့သည်။

ကျေးဇူးတင်ရှိခြင်း

  • မန္တလေးမြို့ ချမ်းမြသုခ လူမှုကူညီရေးအသင်း
  • ရေဦးမြို့ မြင့်မြတ်သူ လူမှုကူညီရေးအသင်း
  • ကောလင်းမြို့ ကရုဏာရှင် လူမှုကူညီရေးအသင်း
  • ကန့်ဘလူမြို့ ကရုဏာရှင် လူမှုကူညီရေးအသင်း
  • ထန်းကုန်းမြို့ သဟပုညကာရီ လူမှုကူညီရေးအသင်း
  • ကျွန်းလှမြို့ မြတ်သုခ လူမှုကူညီရေးအသင်း
  • ပင့်သာကျေးရွာ မြတ်ပါရမီ လူမှုကူညီရေးအသင်း
  • ညောင်ကိုင်းကျေးရွာ ဓမ္မပါရမီ လူမှုကူညီရေးအသင်းတို့မှ “ဝေနေယျသုခ”လူမှုကူညီရေးအသင်း ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သော အကြံဥာဏ်များကို အားပေးကူညီခဲ့ကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဆက်သွယ်နိုင်ရန်လိပ်စာ-

“ဝေနေယျသုခ” အသင်း ဖုန်းနံပါတ် – ၀၉၄၀၀၄၆၆၅၄၉ , ၀၇၅၅၉၀၄၉

ဦးကျော်လင်း – ၀၉၂၀၅၁၇၅၈

ဦးသန်းထွန်း – ၀၇၅၅၉၁၁၆

ကိုစောထက်ဇော် – ၀၉၄၀၀၄၃၀၄၄၇

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

ရွှေကျွန်းလှစာမျက်နှာ

%d bloggers like this: