kyunhla Township

Home » Civil Society » ဝေရိက္ခယ သီလရှင်သင်ပရဟိတကျောင်း

ဝေရိက္ခယ သီလရှင်သင်ပရဟိတကျောင်း

သဖန်းဆိပ်ဆည်။ (Google Map)

ကျွန်းလှမြို့ဟောင်းကို ပြန်လည်မြင်ယောင်စေမယ့် ဗွီဒီယိုလေးပါ

ကျွန်းလှမြိုဟောင်း အမှတ်တရလေးများ။

ကျွန်းလှမြို့ဟောင်း

ကျွန်းလှမြို့ဟောင်းမှ ဓာတ်ပုံများကို ကြည့်ရန်ပုံကို ကလစ်ပါ

 

မြန်မာစာအုပ်များ Download ရယူနိုင်ပါသည်။

Photobucket

Categories

ဧည့်မှတ်တမ်း

free counters
Advertisements

၁၃၅၉ ခုနှစ်တွင် စက်တော်ရာ ဆရာတော်၏ သြဝါဒဖြင့် ကျွန်းလှမြို့သစ်တွင် သီလရှင် စာသင်တိုက်တည်ထောင်ရန် စတင်ဆောင်ရွက်ခဲ့ပြီး ၁၃၆၀ ခုနှစ် ဝါခေါင်လဆန်း ၁၂ ရက်တွင် အင်ကြင်းစုရွာ ဦးအောင်သန်း သမီးဆရာမ ပုညစာရီကူညီမှုဖြင့် ၄င်းရွာမှ ရွာသားများအကူအညီ၊ မြို့ပေါ်မှ စုပေါင်းအလှူငွေများဖြင့် ၂ ခန်းဝါးကျောင်းဆောင် စတင်ဆောင်လုပ်ခဲ့ပြီး ၁၃၆၁ ခုနှစ်မှာ ဆရာလေး ၇ ပါးဖြင့် စတင်ဝါဆိုခဲ့ပါသည်။
၁၃၆၉ ခု ၂၀၀၃-၂၀၀၄ ပညာသင်နှစ်မှ စ၍ကျောင်းသား ၁၆ ယောက်ဖြင့် သီလရှင်သင် မူလတန်းပညာရေးကျောင်းကို ဦးစီး၍ ဖွင့်လှစ်ခဲ့ပါသည်။ ၁၃၆၉ ခု ၂၀၀၇-၂၀၀၈ ခုနှစ် ပညာသင်နှစ်မှစ၍ မူလတန်းလွန်ပညာရေးကျောင်းကို တိုးပြီး ဖွင့်လှစ်ခဲ့ပြန်ပါသည်။
ယခုအခါ ပထမကြီးတန်းအောင် ဆရာလေးများ ပေါ်ထွန်းခဲ့သလို မူလတန်းလွန် ကျောင်းသားများကိုလည်း ပေါ်ထွန်းလာစေခဲ့ပါသည်။ ပရိယတ္တိမကင်းသော ပဋိပတ်နှင့် အတူ လူသားအကျိုးပြု ပရဟိတလုပ်ငန်းများကို စွမ်းနိုင်သလောက် ဆောင်ရွက်လျှက် ရှိပါသည်။

ပဓာန နာယက ဆရာကြီး ဒေါ်ပညာသိင်္ဂီ

ဒေါ်ပညာသိင်္ဂီ ၏ အထ္ထုပ္ပတိအကျဉ်း

ဒေါ်ပညာသင်္ဂီ ကို စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊တောဘိုရွာ၌ ခမည်းတော် ဦးဘဝင်း၊ မယ်တော် ဒေါ်ခင်ရှိတို့မှ ၁၃၁၅ ခုနှစ် တပို့တွဲလပြည့်ကျော် (၇) ရက် ကြာသပတေးနေ့ တွင် မွေးဖွားခဲ့သည်။ မွေးချင်း (၇) ယောက်အနက် အကြီးဆုံးသမီးဖြစ်သည်။

သီလရှင်ဝတ်

၁၃၃၇ ခုနှစ်တွင် ခမည်းတော် + မယ်တော်တို့၏ အထောက်အပံ့ဖြင့် စစ်ကိုင်းတောင်ရိုး မဂ္ဂချောင်၌ အဒေါ် ဒေါ်သီလစာရီ ဥပဇ္ဈာယ်ဆရာဒေါ်မတ္တထေရီစာချ နေစဉ် ၁၃၃၇ ခုနှစ်၊ နယုန် လပြည့်ကျော်(၁၂) ရက်နေ့တွင် မြင့်မြတ်သော သီလရှင် အဖြစ်သို့ရောက်ခဲ့ပါသည်။

ပညာသင်ဘဝ

အသက် ၇ နှစ်မှ ၁၂ အထိ မူလတန်းပညာကို သင်ကြားခဲ့ပြီး သီလရှင်ဘဝ ပရိယတ္တိ ပညာကို အစိုးရ အဘိဓမ္မာ၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်းတွင် ပါရာဇိကန်၊ သီလက္ခံ ၂ ကျမ်းကို စွဲထားပြီး၊ နိကယ်စာမေးပွဲတွင် ဝိနယဝိဒူဘွဲ့ ကို၎င်း အောင်မြင်ခဲ့ပါသည်။ စစ်ကိုင်းတောင်ရိုး သမိဒ္ဓေါဒယ ချောင်တွင် ကျင်းပသော မင်္ဂလာတံခွန်စာမေးပွဲကိုလည်းကောင်း၊ မင်းကွန်းတောင်ရိုး မင်းကွန်းတိပိဋက ဆရာတော်ဦးစီးသော ပရိယတ္တိသာသနနုဂ္ဂဟ စာမေးပွဲတွင် ပထမဆင့်၊ ဒုတိယဆင့်ကိုလည်းကောင်း၊ မန္တလေးဂွေးချိုတိုက် သမုတိ ဆရာတော် ဦးစီးသောပရိယတ္တိဝိနယစာမေးပွဲကိုလည်းကောင်း အောင်မြင်ခဲ့ပါသည်။

ရည်ရွယ်ချက်

(၁) စာမတတ်သူ ကင်းဝေးစေပြီး ကျောင်းသားအရွယ် ကလေးငယ်များ အများ သူငါကဲ့သို့ ကျောင်းနေနိုင်စေရန်။
(၂) အနာဂတ် နိုင်ငံတော်အတွက် လူတော်လူကောင်းများကို မွေးထုတ်ပေးနိုင် စေရန်။
(၃) ပညာတတ်များ တိုးပွားလာကာ ဗုဓ္ဒ၏ လမ်းပြမှုများအတိုင်း အများအကျိုး၊ သာသနာအကျိုး ကို ဦးဆောင်ဦးရွက် ပြုနိုင်သော သာသနာ့ သားကောင်းများပေါ်ထွန်းလာစေရန်။
(၄) အများအကျိုးဆောင်ရွက်လိုသော စိတ်ဓာတ်များအား ကလေးအရွယ်မှစ၍ ကိန်းအောင်းလာစေရန်။
(၅) သင့်တော်သော အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်လာစေရန် တို့ဖြစ်ပါသည်။

လျာထားသည့်လုပ်ငန်းများ

(၁) ကလေးများ၏ပညာရေး ခေတ်နှင့်အညီသင်ကြားပေးနိုင်ရန်
(၂)  ခေတ်မှီ ကွန်ပြူတာအဆင်ဆင့်သင်ကြားပေးရန်
(၃)  ဘာသာရပ်စုံသင်တန်းများဖွင့်ပေးနိုင်ရန်
(၄)  အထွေထွေဗဟုသုတနှင့် ပြည့်စုံစေရန်အတွက် စာကြည့် တိုက်များ ဖွင့်ပေးနိုင်ရန်
(၅)  အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြား ပေးနိုင်ရန်တို့ ဖြစ်ပါသည်။

ဝေရိက္ခယဆိုက်>>>ဝေရိက္ခယသီလရှင်စာသင်တိုက်နှင့် ပရဟိတမူလတန်းလွန်ပညာရေးကျောင်း

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

ရွှေကျွန်းလှစာမျက်နှာ

%d bloggers like this: